နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဘေရွတ်ရှိ အဆင့်မြင့် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်ပိုင်းကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။

ABC သတင်း/ABC News’ Jordana Miller, Dana Savir and Joe Simonetti

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဘေရွတ်တွင် ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ရပ်ကို သောကြာနေ့က ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ ဘေရွတ်တောင်ပိုင်းတွင် တိုက်ခိုက်မှု၏ ပစ်မှတ်မှာ အီဗရာဟင် အကွီလ် (Ibrahim Aqil) ဖြစ်ကြောင်း အစ္စရေးသတင်းရင်းမြစ်နှစ်ခုအရ သိရသည်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သော်လည်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိခြင်း ရှိ၊ မရှိ အတိအကျ မပြောနိုင်ပေ။ တာရှင် (Tahsin) ဟုလည်း သိကြသော အကွီလ်သည် ဟစ်ဇ်ဘိုလာ၏ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လူပေါင်း ၆၃ ဦး သေဆုံးခဲ့သည့် ဘေရွတ်ရှိ အမေရိကန်သံရုံးကို ၁၉၈၃ ခုနှစ် ဗုံးခွဲမှုတွင် သူ့တွင်တာဝန်ရှိသည်ဟု အခိုင်အမာဆိုထားသည့် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

အမေရိကန် တရားမျှတမှုအတွက် ဆုချီးမြှင့်ခြင်း (US Award for Justice) အစီအစဉ်အရ ၂၀၂၃ ခုနှစ်တွင် “ဟစ်စဘိုလာ ၏ အဓိကခေါင်းဆောင် အီဗရာဟင် အကွီလ် (Ibrahim Aqil)” အား ဖော်ထုတ်ခြင်း၊ တည်နေရာ၊ ဖမ်းဆီးခြင်းနှင့်/သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းတို့ကို ဖြစ်စေသည့် မည်သည့်အချက်အလက်အတွက်မဆို အမေရိကန်ဒေါ်လာ ၇ သန်းအထိ ဆုချီးမြှင့်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။ အကွီလ် သည် လက်ဘနွန်တွင် အမေရိကန်နှင့် ဂျာမန် များကို ဓားစာခံများအဖြစ်ဖမ်းဆီးရန် ညွှန်ကြားခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထိုနေရာတွင် ချုပ်နှောင်ခဲ့သည်။

Kfarkela တွင် အကြမ်းဖက်သမားတစ်ဦးအား အစ္စရေးကာကွယ်ရေးတပ် က လုပ်ကြံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သူ့ကို ပစ်မှတ်ထားကြောင်းနှင့် ထိုသူသေဆုံးသွားခြင်း ရှိမရှိကို မဖော်ပြခဲ့ပါ။ လက်ဘနွန်တောင်ပိုင်း Kfarkela ဧရိယာတွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အကြမ်းဖက် သမားသည် အဆောက်အုံတခုအတွင်းဝင်သွားသည်ကို အစ္စရေးစစ်သားများကတွေ့ရှိခဲ့ပြီး ထိုလှုပ်ရှားမှုရှိသည့် နေရာကို လျင်မြန်စွာ တိုက်ခိုက်ခဲ့သည်။ သောကြာနေ့က လက်ဘနွန်မှ ဒုံးကျည်အမြောက်အမြား အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ပစ်မှတ်ထား ပစ်လွှတ်ခဲ့သည့်အတွက် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ဘနွန်တောင်ပိုင်းရှိ အခြားမြို့အများအပြားတွင်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် က ပြောကြားခဲ့သည်။

သောကြာနေ့ မွန်းတည့်ချိန်ထိ အစ္စရေးဘက်သို့ ဒုံးကျည် ၁၂၀ ခန့် ပစ်ခတ်ခံခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ABC News သို့ ပြောကြားခဲ့သည်။ အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ် ၁၀၀ ကျော်ကို ကြာသပတေးနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံတကာခေါင်းဆောင်များနှင့်အတူ တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့၏ ပဋိပက္ခကို ဖြေရှင်းရန်အတွက် သံတမန်နည်းလမ်းများဖြင့်အဖြေ ရှာဖွေကြရန် တိုက်တွန်းခဲ့သည်။

ပဋိပက္ခအတွက် သံတမန်နည်းအရ ဖြေရှင်းချက်ရှာရန် ၎င်းတို့၏ ဆက်ဆံရေးရှိသော အစ္စရေးအရာရှိများကို ယခုသီတင်းပတ်အတွင်း သီးသန့်တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ (Matthew Miller) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သူကဆက်လက်ပြီး အမေရိကန်သည် အကြမ်းဖက်အဖွဲ့အစည်း ဟစ်ဇ်ဘိုလာနှင့် အခြားအီရန်မွေးထားသည့် အဖွဲ့အစည်းများ အပါအဝင် အကြမ်းဖက်အဖွဲ့အစည်း အားလုံး၏ရန်မှ အစ္စရေးကို ကာကွယ်ရန် အမေရိကန်က ကတိပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ကျွန်တော်တို့ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မီလာက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဒါပေမယ့် ဘယ်ပါတီကမှ ဒီပဋိပက္ခကို အရှိန်မြှင့်တာ မမြင်ချင်ပါဘူး။”

မီလာနှင့် အခြားအမေရိကန်အရာရှိများသည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ ပြန့်ပွားလာနိုင်သည့် စစ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည့် ပဋိပက္ခမှ နောက်ဆုတ်ပေးကြရန် နိုင်ငံတကာတာဝန်ရှိသူများကို သံပြိုင်တောင်းဆိုခဲ့ကြသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် ပြီးခဲ့သော ၁၁ လတာအတွင်း နယ်စပ်တစ်လျှောက် နေ့စဉ်နီးပါး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ထိုကြာသပတေးနေ့တွင်တိုက်ခိုက်မှုများသည် အရေးပေါ်အခြေအနေသစ်တစ်ရပ်ကို ဆောင်ရွက်ရန်ဖြစ်ပုံရပြီး အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ တိုက်ခိုက်မှုသည် တစ်နှစ်နီးပါးအတွင်း အကြီးမားဆုံးဖြစ်သည်။ ၎င်းတို့သည် လက်ဘနွန်နှင့် ဆီးရီးယားနှစ်နိုင်ငံစလုံးရှိ ပေ့ဂျာများတွင် ဝှက်ထားသော ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် အစ္စရေးက ထိုလုပ်ရပ်နောက်ကွယ်တွင် ရှိနေပြီးထို အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးမှုဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

အစ္စရေးနှင့် လက်ဘနွန်နယ်စပ်ကို ရည်ညွှန်းသည့် “အပြာလိုင်းကို ဖြတ်၍ ပြင်းထန်သော ရန်စမှုများ” ကို ယခုသီတင်းပတ်အတွင်း တွေ့မြင်ပြီးနောက် လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ မှ တင်းမာမှုများ ဖြေလျှော့ရန် တောင်းဆိုထားကြောင်း ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များကလည်း ကြာသပတေးနေ့တွင် အလားတူတောင်းဆိုမှုကိုပြု ခဲ့ကြသည်။ ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ခရွန် နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လာမီ (David Lammy) တို့က လူသိရှင်ကြားထုတ်ပြန်ချက်များကို သီးခြားထုတ်ပြန်ကြရာတွင် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုလျှော့ချရန် တောင်းဆိုခဲ့သည်။ မက်ခရွန်သည် ပြင်သစ်ဘာသာဖြင့် လက်ဘနွမ်ပြည်သူများသို့ သတင်းစကားပါးခဲ့ရာတွင် သူတို့အနေနှင့် ဖြစ်လာနိုင်သည့်စစ်ပွဲကို ကြောက်ရွံ့ပြီး နေထိုင်နေရသည့် ဘဝမရှိသင့်ကြောင်းနှင့် ပဋိပက္ခကို ရှောင်ရှားရမည်ဟု ဆိုခဲ့သည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် စစ်သွေးကြွအဖွဲ့တို့ကြား စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေးအရ ပြေလည်မှု ရလိုကြောင်း သူတို့လေးဦးစလုံးက သဘောတူခဲ့သည်ဟု လာမီ (Lammy) က ပြောပါသည်။

“အစ္စရေးတွေက သူတို့ မြောက်ပိုင်းက နေရပ်ပြန်နိုင်စေဖို့နဲ့ ဒီလိုပဲ လက်ဘနွန်နိုင်ငံသားတွေလည်း နေရပ်ပြန်နိုင်စေဖို့ စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး ပြေလည်မှုမျိုးကို မြင်လိုကြောင်း ကျွန်တော်တို့ အားလုံးက ရှင်းရှင်းလင်းလင်းဆန္ဒ ရှိကြပါတယ်” ဟု လာမီ (Lammy) က သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “အဲဒါကြောင့် ဒီနေ့ညမှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းတောင်းဆိုတာပါ၊ အဲဒါကို ပြေလည်အောင် အဖြေရှာနိုင်ဖို့၊ လိုအပ်တဲ့ နိုင်ငံရေး ပြေလည်မှုရဖို့ပါ” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက