နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။

တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့် သည် ကာမလာဟဲရစ် ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆက်လက်အရှိန်မြှင့်ကာ ဒုသမ္မတအား စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်းခံရရန် တောင်းဆိုထားသည်။

တနင်္ဂနွေနေ့က ပင်ဆယ်ဗေးနီးယားပြည်နယ်အီရီ (Erie) မြို့ တွင် ပြုလုပ်သည့် ၎င်း၏ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ထရမ့်က ဟဲရစ်အား သမ္မတအဖြစ် အရွေးခံရန် အရည်အချင်း မပြည့်မီဘဲ၊ ရာထူးမှ နုတ်ထွက်ပြီး အမြင့်ဆုံးအဆင့်တွင် စုံစမ်းစစ်ဆေး ခံရသင့်ကြောင်း ပြောကြားခဲ့သည်။

“ သူမဟာ အရည်အချင်း ပြည့်မီမှုမရှိ။ သူမအနေနဲ့ ဒုသမ္မတရာထူးက နုတ်ထွက်ပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့အိမ်ကို ပြန်သင့်တယ်” ဟု အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် “ တရားမဝင် ဝင်ရောက်နေသူများနှင့်ပတ်သက်ပြီး” ဟော‌ပြောနေစဥ် ထရန့်မှ အားပေးနေသော လူအုပ်ကြီးကို ပြောကြားခဲ့သည်။

ဘိုင်ဒင်-ဟဲရစ် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်နေချိန်တွင် ထရန့်သည် အခြေအမြစ်မရှိဘဲ ဒုသမ္မတအား စွပ်စွဲပြစ်တင်တရားဆွဲဆိုရန် တောင်းဆိုခဲ့သည်။

“သူမရဲ့လုပ်ရပ်အတွက် စွပ်စွဲပြစ်တင်မှုနဲ့ တရားစွဲသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထရန့် သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ဟီလာရီကလင်တန်တို့ အပါအဝင် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို တရားဥပဒေအရ အရေးယူရန် ခြိမ်းခြောက်ခဲ့သည့် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်။

ယခုအခါ ထရန့်သည်တရားရေးဆိုင်ရာ ပဋိပက္ခများနှင့် ရင်ဆိုင်ရချိန်တွင် သမ္မတဟောင်းက ၎င်း၏ ပြိုင်ဘက်အသစ် ဒုတိယသမ္မတ ဟဲရစ်အား အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချ သူများ သတ်ဖြတ်ခံရမှုကြောင့် သူမအစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ သူမကို အပြစ်တင် ရန် ကြိုးပမ်းနေပြီး သူသဘောမတူသည့် မူဝါဒများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ရန် ထပ်မံတောင်းဆိုခဲ့သည်။

ဟဲရစ်သည် သောကြာနေ့တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ သွားရောက်ခဲ့ပြီး သုံးနှစ်ကျော်အတွင်း သူမ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုပြင်းထန်နေသော အရီဇိုးနားပြည်နယ်‌၏ နယ်စပ်မြို့ဖြစ်သည့် ဒေါက်ဂလပ်စ် (Douglas) တွင် မိန့်ခွန်းပြောနေစဉ် ဟဲရစ်က လုံခြုံရေး အစီအမံများကို ပိုမိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး လအတန်ကြာ စေ့စပ်ညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည့် နှစ်ပါတီညှိနှိုင်း သဘောတူထားသည့် ဥပဒေကြမ်းကို တင်သွင်းရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် ယခုနှစ်အစောပိုင်းတွင် ထရန့် ၏ ပိတ်ဆို့ခြင်းအကြောင်းကို ဝေဖန်ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ လူဝင်မှုကြီးကြပ်ရေးသည် မဲဆန္ဒရှင်များစွာအတွက် ထိပ်တန်း ပြဿနာဖြစ်နေသဖြင့် ဟဲရစ်၏ ခရီးစဉ်နှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ထရန့် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက ABC သတင်း/Ipsos စစ်တမ်းတစ်ခုအရ ၇၀% က တောင်ပိုင်းနယ်စပ်တွင် လူဝင်မှုကြီးကြပ်ရေးသည် ၎င်းတို့အတွက် “ အရေးကြီးသော” ပြဿနာတစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး မဲဆန္ဒရှင်များက ထရန့် သည် ဟဲရစ်ထက် ထိုကိစ္စကိုကိုင်တွယ်ရန် အသင့်တော်ဆုံးသူအဖြစ် ဖြင့် ဟဲရစ်ထက် ၁၀မှတ်အသာဖြင့် ဦးဆောင်ခဲ့သည်။

သို့သော်၊ ၎င်း၏ရီပတ်ဘလီကန်မဟာမိတ်များက ဟာရစ်ကို တိုက်ခိုက်မည့်အစား ပြဿနာများကို အာရုံစိုက်ရန် ထရန့်အား တွန်းအားပေးလာသောအခါ၊ မကြာသေးမီ ရက်များအတွင်း ထရန့် ၏ ပြောဆိုချက်သည် ပိုမိုပြင်းထန်လာသည်။

ဟဲရစ် ကို တနင်္ဂနွေနေ့တွင် ထရန့် ၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွင် အလားတူ မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး ဒုသမ္မတအား စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူဟု ခေါ်ဆိုခဲ့သည်။

“ လူလိမ် ဂျိုး ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာခဲ့တယ်။ ဝမ်းနည်းစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကင်မလာဟဲရစ် က သူမွေးလာတာကတည်းက အဲဒီလိုဖြစ်နေသူလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကင်မလာ မှာ တစ်ခုခုမှားနေပြီ၊ ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့် သေချာပေါက် တစ်ခုခုတော့လွဲနေပြီ” လို့ထရန့်ကဆိုသည်။

ABC သတင်းဌာန၏ မာသာ ရတ်ဒတ်ဇ် (Martha Raddatz) မှ ဒုတိယသမ္မတလောင်းများ၏ စကားစစ်ထိုးပွဲ ပြင်ဆင်မှုများတွင် ဆီးနိတ်အမတ် ‘ဒီ‌ဂျေဗင့်စ် (JD Vance )အား ကူညီနေသော လွှတ်တော်စည်းကမ်းထိန်း တွမ်အမ်မာ (Whip Tom Emmer) ကို ထရန့်ပြောကြားနေမှု များအတွက် မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ သူက ထရန့်‌ပြောဆိုချက်ကို ပြစ်တင်ရှုတ်ချရန် မလုပ်ဆောင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူက “ကျွန်တော်တို့ ပြဿနာတွေကိုသာ အာရုံစိုက်ထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝန်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်အနီးရှိ လမ်းများကို ဖောက်ခွဲဖျက်ဆီးပြီး အဆက်အသွယ် လုံးဝဖြတ်တောက်မည်ဟု သတိပေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 14 Views
အောက်တိုဘာလ (၁၅) ရက်၊ ဆိုးလ်၊ တောင်ကိုရီးယား။ မြောက်ကိုးရီးယားက ကျွန်းဆွယ်တောင်ပိုင်းနှင့် ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးနှစ်ခု၏ အစိတ်အပိုင်းများကို ယနေ့ အောက်တိုဘာလ
နိုင်ငံတကာသတင်း အာရှ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အတွက် အိန္ဒိယ၀န်ကြီးသည် ပါကစ္စတန်သို့ ရှားရှားပါးပါးလာရောက်လည်ပတ်ခဲ့သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 11 Views
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘာရာမန်ရမ် ဂျန်ရှင်ကာ (Subrahmanyam Jaishankar) သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိုးရအစည်းအဝေး ကိုတက်ရောက်ရန်
နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကျော်ပြင်သစ်ဘောလုံးကစားသမား အမ်ဘာပေ (Mbappe) ကို မုဒိမ်းမှု စွပ်စွဲချက်ဖြင့် ဆွီဒင်အစိုးရရှေ့နေများ စုံစမ်းစစ်ဆေးနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 15 Views
အောက်တိုဘာ (၁၅) ရက်။ ကမ္ဘာကျော် ပြင်သစ်ဘောလုံးအကျော်အမော် ကီလီယန်အမ်ဘာပေ (အသက် ၂၅ နှစ်)သည် ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းတွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဆွီဒင်မီဒီယာက ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ဆွီဒင်အစိုးရရှေ့နေရုံးက အောက်တိုဘာလ (၁၅)
နိုင်ငံတကာသတင်း မြောက်ကိုရီးယား

တောင်ကိုးရီးယား၏မောင်းသူမဲ့လေယာဉ်တွေ ကျူးကျော်ဝင်ရောက်မှုအတွက် ပြင်ဆင်ဖို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 16 Views
အောက်တိုဘာလ (၁၄) ရက်။ မြောက်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက မြို့တော် ပြုံယမ်းကို တောင်ကိုရီးယားက ဒရုန်းစေလွှတ်ပြီး လက်ကမ်းစာစောင်များ ကျဲချသည့်ဖြစ်စဉ်ကို အဓိက ပြောကြားခဲ့ပြီး နောက်ထပ် မောင်းသူမဲ့ လေယာဉ်များ မဝင်လာနိုင်ရန် နှစ်နိုင်ငံ နယ်စပ် အနီးရှိ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟဇ်ဘိုလာအဖွဲ့၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားလေးဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရဟု အစ္စရေးစစ်တပ်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 17 Views
အောက်တိုဘာလ (၁၄) ရက်။ ရှီယိုက်အစ္စလာမ္မစ်ဟဇ်ဘိုလာအဖွဲ့၏ မောင်းသူမဲ့လေယာဉ်ဖြင့် အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ မြောက်ပိုင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုကို အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းက တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်သားလေးဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ ကူးစ်ခ် (Kursk) စစ်ဆင်ရေးသည် ပုံမှန်ပြန်ဖြစ်လာပါပြီ” ယူကရိန်း၏ ရုရှားကျုးကျော်မှုသည် တတိယလအတွင်း ဝင်ရောက်လာသည်နှင့်အမျှ ပူတင်က ၎င်းအား တွန်းလှန်ရန် ကြိုးစားနေပါသည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 15 Views
ရုရှား၏ ကူးစ်ခ် (Kursk) ဒေသသို့ ယူကရိန်းမှ ကျုးကျော် ဝင်ရောက်မှုသည် ယခုအခါ တတိယလသို့ ရောက်ရှိနေပြီဖြစ်ပြီး အခြေချနေထိုင်မှု အများအပြားသည် ယူကရိန်း၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသေးသည်။ အဆိုပါ စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့
နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်တဝိုက် အကြီးစားစစ်ရေးလေ့ကျင့်များ တရုတ်ပြုလုပ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 16 Views
အောက်တိုဘာလ (၁၄) ရက်။ ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့တွင် တရုတ်စစ်တပ်သည် လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ပြီး ထိုင်ဝမ်တစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များ စုစုပေါင်း ၁၂၅ စင်း ပါဝင်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေး
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားများ ဘေးကင်းစေရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေးကို တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 25 Views
အောက်တိုဘာလ (၁၂) ရက်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin) သည် လက်ဘနွန်တွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးများကို ဆွေးနွေးရန် ကြာသပတေးနေ့တွင် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယူအော့ဗ် ဂဲလန့် (Yoav Gallant) နှင့်