နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့တာဟာ ကြိုတင်မပြင်ဆင်တာနဲ့ ပေါ့လျော့ပြီး ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ထုတ်ပြန်

အောက်တိုဘာလ (၁)ရက်။

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့ရတာဟာ သင်တန်းကျောင်းအုပ်နဲ့ ဆရာတွေက ကြိုတင်ပြင်ဆင်တာမရှိသလို ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ရဲ့ ဒီကနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က ညဘက်‌လေ့ကျင့်ရေးတခုဖြစ်တဲ့ Happy Mission ပြုလုပ်ချိန် သင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ (၆)ရက်ကြာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာမှာ Happy Mission ပြုလုပ်ဖို့ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၃)ဦးတို့ဟာ သူတို့အချင်းချင်း ညှိနှိုင်းဆုံးဖြတ်ခဲ့ကာ သင်ကြားရေးဘက်က ဆရာ၊ ဆရာမတွေအပါအ၀င် သင်တန်းသားအများစုနဲ့ KNDF က တာဝန်ရှိသူတွေ မသိရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ရေဖြတ်ကူးလေ့ကျင့်ရတဲ့ Happy Mission ဟာ စစ်ဘက်ဆိုင်ရာအရ လိုအပ်တဲ့ လေ့ကျင့်ရေးမစ်ရှင်ဖြစ်ကာ ရေထဲမဆင်းခင် သင်တန်းသူ၊ သန်တန်းသားတွေဟာ မြေကြီး ဒါမှမဟုတ် ကျောက်ခဲတွေကို အမျိုးသားဆိုရင် (၅)ပိဿာခန့်နဲ့ အမျိုးသမီးဆိုရင် (၃)ပိဿာခန့် သယ်ယူဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီမစ်ရှင်မပြုလုပ်မီ ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၃)ဦးဟာ ဒေသနဲ့ ဒေသဓလေ့ထုံးတမ်းတွေကို သိရှိနားလည်ထားတဲ့ တာဝန်ရှိသူတွေနဲ့ ကြိုတင်ဆွေးနွေးတာ၊ အကြံဉာဏ်ရယူတာမျိုး လုံးဝမရှိခဲ့သလို မစ်ရှင်ပြုလုပ်တဲ့နေ့ဟာ မုန်တိုင်းဝင်ရောက်တဲ့ကာလဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သင်တန်းကျောင်းအုပ်ဟာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေတာကို သတိပြုမိပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ဆိုင်တဲ့ နည်းနာတွေ၊ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ အရေးပေါ် ကူညီစောင့်ရှောက်တာတွေကို ပြင်ဆင်တာမရှိဘဲ မစ်ရှင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို လူသေဆုံးခဲ့ရတဲ့ မစ်ရှင်မစခင် ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၂)ဦးတို့ဟာ အရက်၊ ဘီယာ သောက်သုံးထားတယ်လို့ ဝန်ခံထားပြီး ဖြစ်စဉ်မှာ အဓိကတာဝန်ရှိတာကိုလဲ ထွက်ဆိုထားကာ သေစေလိုတဲ့ဆန္ဒ မပါဝင်တာကို တွေ့ရပေမယ့် စီမံခန့်ခွဲတာတွေ ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ အနှစ်ချုပ်ကို Karenni-IEC နဲ့ KNDF ဗဟိုကော်မတီတို့ကို တင်ပြထားကာ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို KNDF က ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပေမယ့် အရေးယူဆောင်ရွက်မယ့်ကိစ္စကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု