နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့တာဟာ ကြိုတင်မပြင်ဆင်တာနဲ့ ပေါ့လျော့ပြီး ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ထုတ်ပြန်

အောက်တိုဘာလ (၁)ရက်။

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့ရတာဟာ သင်တန်းကျောင်းအုပ်နဲ့ ဆရာတွေက ကြိုတင်ပြင်ဆင်တာမရှိသလို ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ရဲ့ ဒီကနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က ညဘက်‌လေ့ကျင့်ရေးတခုဖြစ်တဲ့ Happy Mission ပြုလုပ်ချိန် သင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ (၆)ရက်ကြာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာမှာ Happy Mission ပြုလုပ်ဖို့ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၃)ဦးတို့ဟာ သူတို့အချင်းချင်း ညှိနှိုင်းဆုံးဖြတ်ခဲ့ကာ သင်ကြားရေးဘက်က ဆရာ၊ ဆရာမတွေအပါအ၀င် သင်တန်းသားအများစုနဲ့ KNDF က တာဝန်ရှိသူတွေ မသိရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ရေဖြတ်ကူးလေ့ကျင့်ရတဲ့ Happy Mission ဟာ စစ်ဘက်ဆိုင်ရာအရ လိုအပ်တဲ့ လေ့ကျင့်ရေးမစ်ရှင်ဖြစ်ကာ ရေထဲမဆင်းခင် သင်တန်းသူ၊ သန်တန်းသားတွေဟာ မြေကြီး ဒါမှမဟုတ် ကျောက်ခဲတွေကို အမျိုးသားဆိုရင် (၅)ပိဿာခန့်နဲ့ အမျိုးသမီးဆိုရင် (၃)ပိဿာခန့် သယ်ယူဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီမစ်ရှင်မပြုလုပ်မီ ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၃)ဦးဟာ ဒေသနဲ့ ဒေသဓလေ့ထုံးတမ်းတွေကို သိရှိနားလည်ထားတဲ့ တာဝန်ရှိသူတွေနဲ့ ကြိုတင်ဆွေးနွေးတာ၊ အကြံဉာဏ်ရယူတာမျိုး လုံးဝမရှိခဲ့သလို မစ်ရှင်ပြုလုပ်တဲ့နေ့ဟာ မုန်တိုင်းဝင်ရောက်တဲ့ကာလဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သင်တန်းကျောင်းအုပ်ဟာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေတာကို သတိပြုမိပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ဆိုင်တဲ့ နည်းနာတွေ၊ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ အရေးပေါ် ကူညီစောင့်ရှောက်တာတွေကို ပြင်ဆင်တာမရှိဘဲ မစ်ရှင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို လူသေဆုံးခဲ့ရတဲ့ မစ်ရှင်မစခင် ကျောင်းအုပ်နဲ့ သင်တန်းဆရာ (၂)ဦးတို့ဟာ အရက်၊ ဘီယာ သောက်သုံးထားတယ်လို့ ဝန်ခံထားပြီး ဖြစ်စဉ်မှာ အဓိကတာဝန်ရှိတာကိုလဲ ထွက်ဆိုထားကာ သေစေလိုတဲ့ဆန္ဒ မပါဝင်တာကို တွေ့ရပေမယ့် စီမံခန့်ခွဲတာတွေ ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ အနှစ်ချုပ်ကို Karenni-IEC နဲ့ KNDF ဗဟိုကော်မတီတို့ကို တင်ပြထားကာ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို KNDF က ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပေမယ့် အရေးယူဆောင်ရွက်မယ့်ကိစ္စကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 14 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 17 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 16 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 37 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ နိုင်ငံတော်သစ်တရပ်အနေနဲ့ တည်ထောင်တာလို့
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့