နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

အောက်တိုဘာလ (၁၀)ရက်။

မနေ့က ည (၇)နာရီအချိန်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Civilian Military-SRDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီလက်အောက်ခံ မှော်ဘီလေတပ်ကို Type 63 ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒေါက်ဇော်နဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေအတွက် လက်တုန့်ပြန်တိုက်ခိုက်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မှော်ဘီလေတပ်ကို Civilian Military-SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းနဲ့ ရွှေဘိုခရိုင် အမှတ် (၁၅)တပ်ရင်းတို့က Type 63 ရှော့တိုက်ဒုံး (၂)လုံး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အခုစစ်ဆင်ရေးဟာ ဒေါက်တာဇော်မြင့်မောင်နဲ့အတူ မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ရဲဘော်တွေအတွက် လက်တုန့်ပြန်တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

Civilian Military-SRDF အနေနဲ့ ဖိနှိပ်ခံ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုဉ်းတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 32 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက
မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 35 Views
အောက်တိုဘာလ (၂၇)ရက်။ ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့
မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 36 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 52 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 56 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 55 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 30 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့