နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ခွင့်ပြုချက်မရှိဘဲ အဖွဲ့ဝင်တွေအနေနဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့နဲ့ နိုင်ငံတကာညီလာခံတွေမှာ မပါဝင်ဖို့ MNDAA တားမြစ်

အောက်တိုဘာလ (၁၁)ရက်။

မြန်မာပြည်တွင်းရေး ပြည်ပက ဝင်ရောက်စွက်ဖက်တာတွေ ရှိလာတဲ့အပေါ် တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့ သတိပေးတားမြစ်ချက်တွေကို ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်သတိပေးထားတယ်လို့ သိရပါတယ်။

မြန်မာအရေး ပြည်ပတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စွက်ဖက်ဖို့ စီစဉ်နေတာဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံတွေ့ရနိုင်ပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့ အငြင်းပွားတာတွေကနေ ကာကွယ်ဖို့လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဖွဲ့‌ဝင်တွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို ခရီးမသွားဖို့အပြင် မြန်မာအရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ညီလာခံတွေမှာ မပါဝင်ဖို့ တားမြစ်ထားပါတယ်။

နောက်ပြီး အမေရိကန်နဲ့ အနောက်တိုင်းမီဒီယာတွေက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေအပြင် အခုနှစ်ထဲ နိုင်ငံခြားမီဒီယာတွေက အင်တာဗျူးတွေကို လက်ခံဖြေကြားတာ မပြုလုပ်ဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံအခြေအနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းနာမည်အသုံးပြုပြီး ရပ်တည်ချက်တွေနဲ့ သဘောထားတွေ ဖော်ပြတာကိုလဲ MNDAA က တားမြစ်ထားပါသေးတယ်။

တားမြစ်ချက်တွေကို ဖောက်ဖျက်ပါက အခြေအနေနဲ့ အကျိုးဆက်တွေပေါ် မူတည်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူသွားမှာဖြစ်တယ်လို့လဲ အသိပေးထားပါတယ်။

အခုတားမြစ်ချက်တွေဟာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေး အချက်အလက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ထုတ်ပြန်လာတာလို့ သတင်းတွေက ရေးသားထားကြပါတယ်။

အဲ့ဒီအစည်းအဝေးထဲ တရုတ်က အမေရိကန်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ယူဆထားတဲ့ UWSA၊ MNDAA နဲ့ TNLA တို့အပေါ် စိုးရိမ်တာတွေရှိနေပြီး စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 45 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 46 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 42 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 27 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 24 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 49 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 50 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 47 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့