နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်သာယာမြို့နယ်က စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ၊ စစ်ကောင်စီတပ်က မြို့ကို ပိတ်ဆို့ရှာဖွေနေ

အောက်တိုဘာလ (၁၃)ရက်။

ဒီကနေ့ နံနက် (၉)နာရီဝန်းကျင်ခန့်က လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ)ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို ပစ်ခတ်ခဲ့တယ်လို့ Golden Valley Warriors ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၁၁)ရပ်ကွက် သိမ်တော်ကြီးထဲမှာ လှိုင်သာယာအနောက်ပိုင်းက မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ (၂)ဦး ပစ်ခတ်ခံရတာ။ နှစ်ဦးစလုံးထိပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

လှိုင်သာယာမြို့နယ် (၁၁)ရပ်ကွက် အောင်မင်္ဂလာကျောင်းဝိုင်းရဲ့ မုခ်ဦးလမ်းဘေးက သာသနာ့ဝုဃိသိမ်တော်ကြီးထဲမှာ စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျော်သူဝင်း(ခ)ရွှေမန်းဟာ ရင်ဘက်ဖောက်ဝင်ဒဏ်ရာနဲ့ ဝဲလက်ဖဝါးဖောက်ဒဏ်ရာတို့ ရရှိခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးအရာရှိဟာ ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တယ်လို့ Golden Valley Warriors က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကြကာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေစစ်‌ဆေးနေတယ်လို့ ဆိုပါတယ်။

ကျော်သူဝင်း(ခ)ရွှေမန်းဟာ လှိုင်သာယာမြို့ခံဖြစ်ပြီး စစ်မှုမထမ်းမနေရစနစ်အတွက် လူငယ် (၈၀၀)ကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ကာ အတင်းအဓမ္မ စစ်မှုထမ်းစေတာအတွက် တာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သူဟာ အခုနှစ်ထဲမှာ မြို့နယ်စီမံကော်မတီဝင်ဖြစ်လာကာ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ convenient store တွေနဲ့ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ကြီးပွားလာပြီး ရွှေမန်းအိမ်ခြံမြေလုပ်ငန်းဟာ စစ်ဘက်အရာရှိအချို့ပါဝင်ကာ တရုတ်လုပ်ငန်းရှင်တစ်ဦးလဲ ငွေကြေးထည့်ဝင်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်ထဲ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာ၊ စက်ရုံအလုပ်သမားလူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲကို စေလွှတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် အကြီးအကဲဖြစ်နေတာကြောင့် စောတကမတက်ရဲဘဲ သတင်းပေးလာတာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ ဒီတနင်္ဂနွေ ဂျွန်လ၈ရက်နေ့ အပတ်စဥ်ဆွေးနွေးကြမဲ့ခေါင်းစဥ်ကတော့

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 6 Views
–“ILO ကပိတ်ဆို့ – သယံဇာတဝန်ကြီးကအပင်းဆို့“ဖြစ်ပါတယ်။ ၁) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ် ILO ရဲ့ပုဒ်မ (၃၃)အရ ပိတ်ဆို့
မြန်မာသတင်း

ထရန့်နှင့်အီလွန်မတ်စ်တို့ဆက်ဆံရေးအချိန်တိုအတွင်းပြိုကွဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 8 Views
+++++++++++++ ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန်
မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 21 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင် မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလား။
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 24 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲတဲ့နေရာက ကျောက်စိမ်းတူးဖော်တဲ့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 22 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာကို ဝရမ်းပြေး အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 16 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 16 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 29 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29