အောက်တိုဘာလ (၁၇)ရက်။
ဒိကနေ့ နံနက် (၈)နာရီခွဲအချန်က ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်(ပကဖ)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒီပဲယင်းမြို့မရဲစခန်းကနေ ပြည်သူတွေရဲ့နေအိမ်ကို လုယက်ခိုးယူဖို့ ထွက်လာတဲ့ စခနဲ့ ပျူစောထီးတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ဒီပဲယင်းမြို့မရဲစခန်းကနေ ပြည်သူတွေရဲ့နေအိမ်တွေကို လုယက်ခိုးယူဖို့ ထွက်လာတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
“ ဘီအီး စခတကောင် သေဆုံးပြီး ပျူငသော်နဲ့ စခတကောင် ဒဏ်ရာရရှိခဲ့တာပါ။ စခဇော်ဇော်လှိုင်ကို အရှင်ဖမ်းမိပြီး သေနတ်တလက် သိမ်းဆည်းရမိခဲ့ပါတယ်” လို့ အဖြူရောင်ပကဖက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ပျူစောထီးတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းမိခဲ့ကာ သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ဒီပဲယင်းမြို့နယ် အဖြူရောင်ပကဖအပါအဝင် A2K ပကဖ၊ ပေါင်ချိန်ပကဖ၊ ခင်ဦးမြို့နယ် NAA-DF နဲ့ ခင်ဦးမြို့နယ် LBBGH တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။