နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲထဲ SAF ရဲဘော်တစ်ဦး ကျဆုံးခဲ့

အောက်တိုဘာလ (၂)ရက်။

မနေ့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲထဲ ကျောင်းသားလက်ရုံးတပ်တော်(SAF)က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ မဟာမိတ်ရဲဘော်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ကာ ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီကို မျက်နှာမူပြီး တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ရတဲ့အတွက် များစွာဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ ကျဆုံးခဲ့တဲ့ ရဲဘော် 586 ဟာ တပ်တော်က ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်တွေကို မမှိတ်မသုန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့အသက်ကို တော်လှန်ရေးမှာ ရဲဝံ့စွာ ပေးလှူခဲ့သူဖြစ်ကာ အစဉ်အမြဲ အောက်မေ့ ဦးညွှတ်‌အလေးပြုတယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော် 586 အပေါ် ပေးအပ်ထားတဲ့ တာဝန်တွေကို SAF ရဲဘော်တွေ ဆက်လက်ထမ်းဆောင်မှာဖြစ်ပြီး သွေးခင်းလမ်းနဲ့တည်ဆောက်ထားတဲ့ တော်လှန်စစ်ကို ဆုံးခန်း‌တိုင်အောင် ဆက်တိုက်ပြီး နိုင်ငံတော်သစ်ကို တည်ဆောက်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်(AA)က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပြီး မနေ့က နပခအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့ကစပြီး အမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်ကောင်စီဘက်ကလဲ လေတပ်ကိုအသုံးပြုပြီး ခုခံကာကွယ်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို
မြန်မာသတင်း

နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်း‌ပယောဂကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းပယောက ကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တိုင်းရင်းသားညီအကိုတွေ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်ဟာ ဟန်ပြလွှတ်တော်လို့ CNF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ အတုအယောင်ရွေးကောက်ပွဲက ထွင်ပေါ်လာမယ့် ပြည်ထောင်စုလွှတ်တော်ဟာ ဟန်ပြလွှတ်တော်သာဖြစ်တယ်လို့ CNF ရဲ့ ဒီကနေ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင် ပြည်ထောင်စုလွှတ်တော်ဟာ အမျိုးသားညီလာခံလို (၁၄)နှစ်ကြာ အချိန်ဆွဲပြီး စစ်တပ်အာဏာတည်မြဲဖို့
မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ စစ်ရေးဖော်ဆောင်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစုပေါင်းစစ်ဆင်ရေးထဲ စစ်ကော်မရှင်စခန်း (၄)ခုကို
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို သိရပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့အတူ ကရင်အမျိုးသား
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို