နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝေါမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

အောင်တိုဘာလ (၂၂)ရက်။

ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျု‌စောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့ ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စခန်းဦးစီးအရာရှိကတော့ ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့ ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စခန်းဦးစီးအရာရှိက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးနဲ့ ပျူစောထီး (၃)ဦး သေဆုံးခဲ့ပြီး ပျူစောထီး (၂)ဦး ဒဏ်ရာရရှိခဲ့ကာ ပစ္စတိုတလက်၊ ဂျီ-၃ (၄)လက်နဲ့ အူဂျီတစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့ဂိတ်ဟာ မှောင်ခိုလမ်းကြောင်းတွေကို ဆက်ကြေးတောင်းပြီး ပြည်သူကို ဒုက္ခပေးနေတယ်ဆိုတာကို တိုင်ကြားလာတာကြောင့် ဝင်ရောက်ရှင်းလင်းတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၁၆၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဓိကဖြစ်ရပ်များ စာရင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 0 Views
မေလ (၂) ရက်။ တိုက်ပွဲများ ရုရှားကတစိတ်တပိုင်းသိမ်းပိုက်ထားသောယူကရိန်၏ ခါဆွန် (Kherson)‌ ဒေသတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 1 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့
မြန်မာသတင်း

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူမဟုတ်ဘူးလို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 7 Views
မေလ (၂)ရက်။ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျပြောဆိုဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ (၂၉)ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သပိတ်ကျင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)ဦးခန့်အထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 7 Views
မေလ (၂)ရက်။ ဧပြီလထဲ သပိတ်ကျင်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)ဦးခန့်အထိ သေဆုံးခဲ့ရတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလထဲ စစ်ကောင်စီဟာ သပိတ်ကျင်းမြို့ လိပ်ကျကျေးရွာနဲ့ ရေထွက်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခကို သတ်ဖြတ်ခဲ့တယ်ဆိုသူကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 5 Views
မေလ (၁)ရက်။ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစားပါမောက္ခ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဧပြီလ (၂၇)ရက်နေ့ နံနက် (၇)နာရီအချိန်က ပုသိမ်ကြီးမြို့
မြန်မာသတင်း

ညီနောင်မဟာမိတ် (၃)ဖွဲ့ အပစ်ရပ်ကာလ (၁)လထပ်တိုး

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 5 Views
မေလ (၂)ရက်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့က အပစ်ရပ်ကာလကို (၁)လ ထပ်မံတိုးမြှင့်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့အတွက် လူသားစာနာမှုဆိုင်ရာ တဖက်သတ်အပစ်ရပ်စဲတဲ့ ထုတ်ပြန်ချက်ကို
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
မြန်မာသတင်း

ပုလော ထားဝယ်လမ်းပိုင်း သွားလာတာတွေကို လျော့ချဖို့ KNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 12 Views
မေလ (၁)ရက်။ အခုအခါ သရက်ချောင်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် သရက်ချောင်းလမ်းပိုင်းကို ပိတ်ထားတဲ့အခြေအနေမှာ ပြည်သူတွေဟာ ပုလော