နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတလင်ထဲ အရပ်သားတွေကို သတ်ဖြတ်တာက စစ်အုပ်စုရဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာတွေအတွက် လက်စားချေတဲ့ နည်းဗျူဟာလို့ NUG ပြော

အောက်တိုဘာလ (၂၃)ရက်။

ဘုတလင်နယ်ထဲ အရပ်သားတွေကို သတ်ဖြတ်တာ၊ လူသားဒိုင်းအနေနဲ့ စေခိုင်းတာတို့က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးနည်းဗျူဟာတရပ်အနေနဲ့ ကျူးလွန်တာ ထင်ရှားတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘုတလင်နယ်ထဲက စီပါရွာအနီး တိုက်ပွဲတခုမှာ စစ်အုပ်စုရဲ့ နမခလက်အောက်ခံ စစ်ကြောင်းဟာ ကြီးမားတဲ့ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရတာကြောင့် အရင်ထဲက ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေအတိုင်း အရပ်သားတွေကို သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာလ (၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့အထိ နမခရဲ့ အင်အား (၁၀၀)ကျော်ပါတဲ့ စစ်ကြောင်းဟာ ဘုတလင်နယ်ရှိ ကျေးရွာနဲ့ ရပ်ကွက် (၇)ခုကို ဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၂၄)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရသူတွေထဲ ကလေးငယ် (၃)ဦး၊ အမျိုးသမီး (၂)ဦးနဲ့ သက်ကြီးရွယ်အို (၁)ဦးတို့ပါဝင်ကာ ‌စီပါရွာမှာ အရပ်သား (၆)ဦးကို သတ်ဖြတ်ပြီး အစိတ်စိတ်ပိုင်းဖြတ်ကာ နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲထားတာက ထင်ရှားတဲ့ သတ်ဖြတ်တဲ့ဖြစ်စဉ်လို့ ရေးသားထားပါတယ်။

အခုလို တိုက်ခိုက်တာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စက်တင်ဘာလက တောင်ကြီးခရီးစဉ်ထဲ တော်လှန်ရေးအင်အားစုတွေ နေထိုင်တဲ့ ရွာတွေက ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံဖို့ သတိပြုဖို့ အသိပေးခဲ့ပြီးနောက် အရပ်သားတွေအပေါ် ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လာတာလို့ ပြောဆိုထားပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက ‌တော်လှန်ရေးအင်အားစုတွေအပေါ် လက်စားချေဖို့အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက်စစ်အုပ်စုက ကျင့်သုံးလာတဲ့ နည်းဗျူဟာဖြစ်ပြီး အရင်ကထဲက နိုင်ငံအနှံ့အပြားက ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုနေမယ်ဆိုရင် အခုလို ဆိုးရွားယုတ်မာတဲ့ နည်းဗျူဟာတွေ ကို‌င်စွဲထားတဲ့ ယန္တရားဟာ သက်ဆိုးရှည်ပြီး ပိုမိုအတင့်ရဲလာမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့ဆိုးရွားတဲ့ ကျူးလွန်တာတွေအတွက် တရားမျှတမှု ဖော်ဆောာင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ကိုလဲ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 35 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ