နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ဖြစ်စဉ် (၆၅)ခုကျော်ရှိခဲ့၊ စစ်ကောင်စီနဲ့ အပေါင်းအပါ‌တွေက အများဆုံးကျူးလွန်ထား

အောက်တိုဘာလ (၂၃)ရက်။

အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ လူ (၁၀)ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် (၆၅)ခုထက်မနည်းရှိခဲ့ပြီး အရပ်သား (၁၃၀၀)ကျော် သေဆုံးခဲ့တယ်လို့ ISP-Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ်ထဲက (၉၂)ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီသစ္စာခံတပ်တွေက ကျူးလွန်ခဲ့ကြကာ ဖြစ်စဉ် (၆၀)ကျော်ရှိပြီး အရပ်သား (၁၂၀၀)ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်ဖြစ်စဉ်တွေထဲ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ (၅၂)ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘုတလင်နယ်၊ စီပါရွာမှာ အရပ်သားတွေ သတ်ဖြတ်ခံရသလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ (၂၃)ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား (၄၃၈)ဦးကျော် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်မဟုတ်တဲ့ အခြားလက်နက်ကိုင်တွေ ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေလဲရှိကာ ၂၀၂၃ခုနှစ် နိုဝင်ဘာလက သနန်ရွာဒေသခံ (၃၇)ဦးကို ကူကီးလက်နက်ကိုင်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာဟာ အဆိုးဆုံးဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်မဟုတ်တဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၅)ခုထက်မနည်းရှိခဲ့ကာ အရပ်သား (၉၇)ဦးကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး အသတ်ခံရတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 82 Views
သတ်ဖြတ်သွားသူများက တပ်ရင်းမှူးမှာ ကိုယ့်ကိုကိုယ်ကို သတ်သေသွားကြောင်း သတင်းလွှင့်နေတယ်ဟု ဆို မေလ (၂) ရက်။ ကနီမြို့နယ်၊ ပြန်လှည့်ကျေးရွာတွင် ယင်းမာပင်ခရိုင်တပ်ရင်း
မြန်မာသတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၁၆၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဓိကဖြစ်ရပ်များ စာရင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
မေလ (၂) ရက်။ တိုက်ပွဲများ ရုရှားကတစိတ်တပိုင်းသိမ်းပိုက်ထားသောယူကရိန်၏ ခါဆွန် (Kherson)‌ ဒေသတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 13 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
မြန်မာသတင်း

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူမဟုတ်ဘူးလို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 11 Views
မေလ (၂)ရက်။ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျပြောဆိုဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ (၂၉)ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သပိတ်ကျင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)ဦးခန့်အထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 8 Views
မေလ (၂)ရက်။ ဧပြီလထဲ သပိတ်ကျင်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)ဦးခန့်အထိ သေဆုံးခဲ့ရတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလထဲ စစ်ကောင်စီဟာ သပိတ်ကျင်းမြို့ လိပ်ကျကျေးရွာနဲ့ ရေထွက်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခကို သတ်ဖြတ်ခဲ့တယ်ဆိုသူကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 7 Views
မေလ (၁)ရက်။ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစားပါမောက္ခ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဧပြီလ (၂၇)ရက်နေ့ နံနက် (၇)နာရီအချိန်က ပုသိမ်ကြီးမြို့
မြန်မာသတင်း

ညီနောင်မဟာမိတ် (၃)ဖွဲ့ အပစ်ရပ်ကာလ (၁)လထပ်တိုး

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 6 Views
မေလ (၂)ရက်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့က အပစ်ရပ်ကာလကို (၁)လ ထပ်မံတိုးမြှင့်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့အတွက် လူသားစာနာမှုဆိုင်ရာ တဖက်သတ်အပစ်ရပ်စဲတဲ့ ထုတ်ပြန်ချက်ကို
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 22 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက