နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

အောက်တိုဘာလ (၂၄)ရက်။

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။

စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသ(၃)ခုက စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးအတွက် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ဆောင်ရွက်နေတာလို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီလက်အောက်ခံ ကန့်ဘလူဗျူဟာမှူးရဲ့ အမိန့်အောက်မှာ စစ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ အရန်အင်အားဖြစ်တယ်လို့လဲ ရေးသားထားပါသေးတယ်။

ဒါ့အပြင် ကန့်ဘလူခရိုင်ထဲ မကြာမီရက်ပိုင်းမှာ စစ်ဆင်ရေးစတင်တော့မှာဖြစ်ပြီး ပွင့်လင်းရာသီ ရောက်ပြီဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်ဆိုပြီး မနေ့က ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ကန့်ဘလူတောင်ခြမ်းနဲ့ ကျွန်းလှနယ်မြောက်ဘက်တို့မှာ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ ဝါသဝ ပြည်သူ့စစ်အဖွဲ့က သတိပေးထားပါတယ်။

အခုလို သတိပေးပြောဆိုတာတွေနဲ့အတူ သင်္ကန်းဝတ် ဝါသဝဟာ စစ်ကိုင်းတိုင်းထဲရှိ ရေဦး၊ ကန့်ဘလူနဲ့ ဒီပဲယင်းနယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သပိတ်ကျင်းမှာ စာသင်တဲ့အိမ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေးငယ်(၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 44 Views
စက်တင်ဘာလ (၈)ရက်။ ‌မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 44 Views
စက်တင်ဘာလ (၈)ရက်။ ၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပတ်ကစပြီး အခုနှစ် စက်တင်ဘာလ (၅)ရက်အထိ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ
မြန်မာသတင်း

“မင်းအောင်လှိုင်ကဗိုလ်ချုပ်ကိုခုတုံးလုပ်”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 75 Views
“ဇင်မာအောင်ကတရုတ်ကိုအချိုသုံးထုတ်” “BGFကရွေးကောက်ပွဲကိုအားထုတ်လုပ်” ဒီခေါင်းစဥ်နဲ့ဒီအပတ်ပြောကြမှာဖြစ်ပါတယ်အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုအများပြည်သူတွေသိရအောင်ဦးထွန်းအောင်ကျော် နဲ့ဦးထွန်းကြည်တို့ နှစ်ယောက် ပြောကြားနေတာ ဒီအပတ်ဆိုရင် (၁၁)ပတ်ရှိသွားပါပြီ ခေတ်မျက်လုံးရဲ့ ရည်ရွယ်ချက်က အပတ်စဥ် မြန်မာ့နိုင်ငံ‌ရေး အလှည့်အပြောင်းတွေကို တိုးတက်ဖြစ်စဥ်တွေကို ပြည်သူတွေ မျက်ခြေမပြတ်ရအောင် တင်ပြပေးဖို့ရည်ရွယ်တာဖြစ်ပါတယ် ဘာတွေဖြစ်နေတယ် ဆိုတာသိမှ ဘာလုပ်သင့်တယ်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့ AA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 106 Views
စက်တင်ဘာလ (၆)ရက်။ မကြာသေးခင်က အာရက္ခတပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ‌ပြောဆိုထားချက်အရ သိရပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့တာကို
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးတဲ့အပေါ် CRPH အပြင်းအထန်ရှုတ်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 110 Views
စက်တင်ဘာလ (၆)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးဝါးတဲ့ နှလုံးကျန်းမာရေးအခြေအနေကို ရင်ဆိုင်နေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရတာကို ကြားသိရတဲ့အတွက် များစွာ
မြန်မာသတင်း

ပဲခူး-ရခိုင်အစပ်ရှိ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 98 Views
စက်တင်ဘာလ (၆)ရက်။ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က မရပ်မနား ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက သူတို့ရဲ့ စကခ(၁၇)အပြင် စကခ(၁၄)က
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ NMSP-AD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 97 Views
စက်တင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP-AD က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုစေဖို့ ရရှိအောင်
မြန်မာသတင်း

အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲထိခိုက်စေတဲ့ လှုံ့ဆော်ဝါဒဖြန့်တာတွေကို အရေးယူမယ်ဆိုပြီး စစ်တပ် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 93 Views
စက်တင်ဘာလ (၆)ရက်။ အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်ဝါဒဖြန့်သူတွေကို အရေးယူဖို့ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတာဝန် လွှဲပြောင်းပေးနိုင်ဖို့၊ မဲပေးခွင့်ရှိသူအားလုံး