နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်မင်းအောင်လှိင်ကို တရုတ်လာဖို ဖိတ်ခေါ်တဲ့အပေါ် စိုးရိမ်ပူပန်မိပြီး ပြန်သုံးသပ်ဖို NUG ပြော

အောက်တိုဘာလ (၃၀)ရက်။

အကြမ်းဖက်မင်းအောင်လှိင်ကို တရုတ်နိုင်ငံကို လာဖို ဖိတ်ခေါ်တဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး စိုးရိမ်ပူပန်မိတယ်လို NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိင် နိုဝင်ဘာလထဲ တရုတ်နိုင်ငံကို သွားရောက်ဖိုရှိနေတယ်လို ကြားသိရတဲ့အပေါ် ဦးကျော်ဇောက “ပြည်သူလူထုနဲ့ နိုင်ငံတကာသို သတင်းစကားပြောကြားတဲ့အစီအစဉ်”မှာ ပြောဆိုခဲ့တာပါ။

“တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို သဘောထားပါတယ်။ တချိန်ထဲမှာ အကြမ်းဖက်မင်းအောင်လှိင်ကို တရုတ်နိုင်ငံလာဖို ဖိတ်ကြားတယ်ဆိုတာ ကြားသိရလို စိတ်မကောင်း စိုးရိမ်ပူပန်တာ ဖြစ်မိပါတယ်”လို သူက ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ တည်ငြိမ်ဖို၊ ငြိမ်းချမ်းဖိုနဲ့ စီးပွါးရေးတိုးတက်ဖိုကို တိုးတက်ဖို လိုလားနေပေမယ့် ဒါတွေကို ပျက်ပြားအောင် မင်းအောင်လှိင်နဲ့ သူ့ရဲ့အပေါင်းအပါတွေက လုပ်နေတာလိုလဲ ထည့်သွင်းပြောဆိုထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိင်ကို ဖိတ်ခေါ်ခဲ့ပါက တရုတ်အစိုးရအပေါ် မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားနိုင်တာကို မလိုလားအပ်ဘဲ လှုဆော်ပေးရာရောက်မှာကို စိုးရိမ်ပူပန်မိတယ်လို ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်တာ၊ မတည်မငြိမ်အောင် ဖန်တီးနေတဲ့ အကြမ်းဖက်သမား မင်းအောင်လှိင်ကို ဖိတ်ခေါ်တဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့ ပြန်လည်သုံးသပ်ဖို တိုက်တွန်းထားပါတယ်။

နောက်ပြီး တရုတ်အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးတာတွေ ရှိနေတာဟာ မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားစေတာ၊ အမုန်းပွါးစေနိုင်တယ်လို NUG ရဲ့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

MDY-PDF ရဲ့ အချုပ်ဆောင် လေကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်သုံ့ပန်းဖြစ်တဲ့ ဗိုလ်မှူးအပါအဝင် (၄)ဦးသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 7 Views
အောက်တိုဘာလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က MDY-PDF ရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရွှေရောင်းဝယ်တဲ့လုပ်ငန်းအတွက် လိုင်စင်လျှောက်ကြဖိုနဲ့ မလိုက်နာရင် အရေးယူမယ်လို စစ်ကောင်စီ ထပ်မံထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 7 Views
အောက်တိုဘာလ (၃၀)ရက်။ ရွှေရောင်းဝယ်တဲ့လုပ်ငန်း လုပ်ကိုင်တာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားကြဖို စစ်ကောင်စီလက်အောက်ခံ သယံဇာတဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ရွှေရောင်းဝယ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဘုတလင်နယ် အင်းတဲရွာက နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 11 Views
အောက်တိုဘာလ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ဘုတလင်နယ် အင်းတဲရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။ “ဘုတလင် နှောယင်းရွာမှာ (၁)ညအိပ်တပ်စွဲခဲ့ပြီး မနေ့က နံနက် (၉)နာရီလောက်မှာ နှောယင်းရွာကနေ အင်းတဲရွာကို
မြန်မာသတင်း

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေ ပိတ်ဆိုအရေးယူ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 9 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအစိုးရက ပိတ်ဆိုအရေးယူလိုက်တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပိတ်ဆိုအရေးယူလိုက်တဲ့ ကုမ္ပဏီ (၅)ခုဟာ Asia Sun Group Company
မြန်မာသတင်း

(၁၀)လတာထဲ စစ်ကြောရေး၊ ရဲစခန်းနဲ့ ထောင်တွေမှာ သေဆုံးတဲ့ နိုင်/ကျဉ်း (၅၀)ဦးထိရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 12 Views
အောက်တိုဘာလ (၃၀)ရက်။ (၁၀)လတာထဲ စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၀)ဦးအထိရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူတွေဟာ စစ်ကြောရေးမှာ အမျိုးသား (၁၂)ဦး၊ ရဲစခန်းမှာ
မြန်မာသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်းကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 17 Views
အောက်တိုဘာလ (၂၉)ရက်။ စစ်အာဏာရှင် အမြစ်ပြတ်ချမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ KNA ကို ကယန်းဒေသထဲရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် စုစည်းဖွဲ့စည်းကာ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ KNA
မြန်မာသတင်း

အကျဉ်းထောင်တွေထဲ စစ်ကောင်စီက သန်းခေါင်စာရင်းလို အချက်အလက်တွေ ကောက်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 13 Views
အောက်တိုဘာလ (၂၉)ရက်။ အကျဉ်းထောင်တွေထဲ စစ်ကောင်စီက အကျဉ်းသူ/အကျဉ်းသားတွေကို သန်းခေါင်စာရင်းလိုမျိုး အချက်အလက်တွေ ကောက်ယူနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလထဲကစပြီး နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက သန်ခေါင်စာရင်းလိုမျိုး အကျဉ်းသား၊
1027 Operations မြန်မာသတင်း

လားရှိုးမြို့က လူနေရပ်ကွက်ထဲ စစ်ကောင်စီက ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 9 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက