နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

MDY-PDF ရဲ့ အချုပ်ဆောင် လေကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်သုံ့ပန်းဖြစ်တဲ့ ဗိုလ်မှူးအပါအဝင် (၄)ဦးသေဆုံး

အောက်တိုဘာလ (၃၀)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီအချိန်က MDY-PDF ရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အချုပ်ဆောင် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် စစ်သုံ့ပန်းဖြစ်တဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီရဲ့ စခတ(၂)၊ (၇)မိုင်က ‌ဗိုလ်မှူး နေဝင်းဖြစ်ပြီး ကျန်တဲ့ (၃)ဦးဟာ စခတ(၂) သပိတ်ကျင်းက တပ်ကြပ် ကိုကိုအောင်၊ အမတ(၃၁၉)မိတ္ထီလာက တပ်ကြပ်ကြီး/စရ အောင်လွင်နဲ့ ပျူစောထီး ဂျော်နီအောင်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MDY-PDF အနေနဲ့ စစ်ဆင်ရေးထဲ ဖမ်းမိခဲ့သူတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထားရှိပေမယ့် စစ်ကောင်စီဟာ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

အောက်တိုဘာလ (၂၈)ရက်နေ့ကလဲ MDY-PDF ရဲ့ အချုပ်ဆောင်ကို လေကြောင်းတိုက်ခိုက်ခဲ့သေးကာ (၂)ရက်တာထဲ သေဆုံးသူ (၁၆)ဦးအထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဟိုပန်မြို့မှာ ဓါးပြတိုက်သတ်ဖြတ်ခဲ့သူကို “ ဝ” က လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 5 Views
အောက်တိုဘာလ (၃၀)ရက်။ ဒီကနေ့ ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းမှာ ဓါးပြတိုက်ပြီး လူသတ်မှုကျူးလွန်တဲ့ လူငယ်အမျိုးသားတစ်ဦးကို “ ဝ” တပ်ဖွဲ့ UWSA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 4 Views
စစ်ကောင်စီဘက်က (၁၀)ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့‌ အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို
မြန်မာသတင်း

အကြမ်းဖက်မင်းအောင်လှိင်ကို တရုတ်လာဖို ဖိတ်ခေါ်တဲ့အပေါ် စိုးရိမ်ပူပန်မိပြီး ပြန်သုံးသပ်ဖို NUG ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 9 Views
အောက်တိုဘာလ (၃၀)ရက်။ အကြမ်းဖက်မင်းအောင်လှိင်ကို တရုတ်နိုင်ငံကို လာဖို ဖိတ်ခေါ်တဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး စိုးရိမ်ပူပန်မိတယ်လို NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ အကြမ်းဖက်မင်းအောင်လှိင် နိုဝင်ဘာလထဲ တရုတ်နိုင်ငံကို သွားရောက်ဖိုရှိနေတယ်လို ကြားသိရတဲ့အပေါ် ဦးကျော်ဇောက
မြန်မာသတင်း

ရွှေရောင်းဝယ်တဲ့လုပ်ငန်းအတွက် လိုင်စင်လျှောက်ကြဖိုနဲ့ မလိုက်နာရင် အရေးယူမယ်လို စစ်ကောင်စီ ထပ်မံထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 8 Views
အောက်တိုဘာလ (၃၀)ရက်။ ရွှေရောင်းဝယ်တဲ့လုပ်ငန်း လုပ်ကိုင်တာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားကြဖို စစ်ကောင်စီလက်အောက်ခံ သယံဇာတဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ရွှေရောင်းဝယ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စတဲ့ လိုအပ်တဲ့အမိန့်တွေထုတ်ပြန်ဖို သယံဇာတဝန်ကြီးဌာနကို တာဝန်ပေးထားပါတယ်။
မြန်မာသတင်း

ဘုတလင်နယ် အင်းတဲရွာက နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 11 Views
အောက်တိုဘာလ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ဘုတလင်နယ် အင်းတဲရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။ “ဘုတလင် နှောယင်းရွာမှာ (၁)ညအိပ်တပ်စွဲခဲ့ပြီး မနေ့က နံနက် (၉)နာရီလောက်မှာ နှောယင်းရွာကနေ အင်းတဲရွာကို
မြန်မာသတင်း

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေ ပိတ်ဆိုအရေးယူ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 9 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအစိုးရက ပိတ်ဆိုအရေးယူလိုက်တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပိတ်ဆိုအရေးယူလိုက်တဲ့ ကုမ္ပဏီ (၅)ခုဟာ Asia Sun Group Company
မြန်မာသတင်း

(၁၀)လတာထဲ စစ်ကြောရေး၊ ရဲစခန်းနဲ့ ထောင်တွေမှာ သေဆုံးတဲ့ နိုင်/ကျဉ်း (၅၀)ဦးထိရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 12 Views
အောက်တိုဘာလ (၃၀)ရက်။ (၁၀)လတာထဲ စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၀)ဦးအထိရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူတွေဟာ စစ်ကြောရေးမှာ အမျိုးသား (၁၂)ဦး၊ ရဲစခန်းမှာ
မြန်မာသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်းကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 18 Views
အောက်တိုဘာလ (၂၉)ရက်။ စစ်အာဏာရှင် အမြစ်ပြတ်ချမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ KNA ကို ကယန်းဒေသထဲရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် စုစည်းဖွဲ့စည်းကာ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ KNA