နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုက သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ထက်မနည်းကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခဲ့

‌နိုဝင်ဘာလ (၂)ရက်။

အကြမ်းဖက်စစ်အုပ်စုဟာ သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ဦးထက်မနည်းကို ဖမ်းဆီးတာနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အာဏာလုယူဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး အောက်တိုဘာလ (၃၀)ရက်နေ့အထိ စစ်အုပ်စုဟာ သတင်းသမား (၆၄)ဦးထက်မနည်းကို မတရားဖမ်းဆီးခံထားရပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

နယ်စည်းမခြားသတင်းထောက်တွေ(RSF)ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာက နိုင်ငံပေါင်း (၁၈၀)ထဲ (၁၇၁)အဆင့်အထိ နိမ့်ကျနေတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်ရန်ပြုတာ၊ နှောင့်ယှက်စော်ကားတာ၊ ရန်ရှာခြိမ်းခြောက်တာတွေကြောင့် သတင်းသမားအလုပ်ဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်အကိုင်တခုအနေနဲ့ ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။

ဒီကနေ့မှာ သတင်းသမားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုသာမက ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို မမေ့လျော့ဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် NUG အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် အပြစ်ကင်းလွတ်ခွင့်ရရှိတာမျိုး မဖြစ်စေဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်ပြီး တရားမျှတမှု၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေတဲ့ အဓိကကျတဲ့ ဒေါက်တိုင်အနေနဲ့ အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ကို အပြစ်ကင်းလွတ်ခွင့်ပြုထားတဲ့ အလေ့အထကို အဆုံးသတ်‌စေဖို့ တောင်းဆိုတိုက်တွန်းတာတွေ ပြုလုပ်ပေးပြီး မြန်မာသတင်းသမားတွေကို ပံ့ပိုးကူညီဖို့ NUG က တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 26 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 25 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CRPH နဲ့ NUG တို့ကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်စွပ်စွဲ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 24 Views
စက်တင်ဘာလ (၉)ရက်။ CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ
မြန်မာသတင်း

ပုလောမြိုမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 53 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပုလောမြို ထမင်းမစားရွာမှာ တပ်စွဲထားတဲ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုသိမ်းနိုင်ခဲ့တဲ့ စစ်တပ်စခန်းက ထမင်းမစားရွာထဲ တပ်စွဲထားတဲ့စခန်းပါ။ အဲ့ဒီစခန်းမှာ
မြန်မာသတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 47 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်ခန့်က ကန့်ဘလူမြိုမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၇)ဦးခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ လှည့်ကင်းထွက်လာတဲ့ ဖက်ဆစ်စစ်တပ်နဲ့ ပျူစောထီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်တယ်လို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 48 Views
စက်တင်ဘာလ (၈)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို
မြန်မာသတင်း

သပိတ်ကျင်းမှာ စာသင်တဲ့အိမ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေးငယ်(၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 67 Views
စက်တင်ဘာလ (၈)ရက်။ ‌မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 64 Views
စက်တင်ဘာလ (၈)ရက်။ ၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပတ်ကစပြီး အခုနှစ် စက်တင်ဘာလ (၅)ရက်အထိ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း