နိုဝင်ဘာလ (၂)ရက်။
ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကျွန်းစုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒေါင်းနက်နာမည်နဲ့ လက်နက်ကိုင်အဖွဲ့က အင်အား(၁၀)ယောက်ဝန်းကျင်နဲ့ ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲရွာအုပ်စုတွေထဲက ကျေးရွာတွေကို ဩဂုတ်လကစပြီး ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတာလို့ သတင်းပေးလာတာပါ” လို့ ဆိုပါတယ်။
“ ဒေါင်းနက်” နာမည်နဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဩဂုတ်လကစတင်ပြီး ကော်ဇယာကျေးရွာအုပ်စု၊ မဲတောကျေးရွာအုပ်စုနဲ့ ဘန္ဒနဲကျေးရွာအုပ်စုထဲရှိ ကျေးရွာအချို့က ပြည်သူတွေကို ခြိမ်းခြောက်စာတွေ ပေးပို့လာတာလို့ သိရပါတယ်။
အဲ့ဒီလက်နက်ကိုင်အဖွဲ့ဟာ ကျေးရွာတွေထဲ သေနတ်တွေပစ်ဖောက်ပြီး ခြိမ်းခြောက်ငွေတောင်းနေသလို မြို့နယ်ထဲကနေ ထိုင်းနိုင်ငံကို ဂဏန်း၊ ပုဇွန်၊ မီးသွေး စတဲ့ တနိုင်တပိုင်ကုန်တွေ ရောင်းဝယ်နေတဲ့ ကုန်လှေတွေကို ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းနေတယ်လို့ ပြောပါတယ်။
နောက်ပြီး ကျွန်းစုမြို့နယ်ထဲက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် တနိုင်တပိုင်လုပ်ကိုင်နေတဲ့ မီးသွေးဖောင်းတချို့ကိုလဲ ခြိမ်းခြောက်စာတွေ ပေးပို့ပြီး ငွေတောင်းခံနေတာလို့ ရေးသားထားပါတယ်။
“ ဒေါင်းနက်” Black Peacock(စစ်ခွေးလက်ပါးစေသုတ်သင်ရှင်းလင်းရေးအဖွဲ့)ဆိုတဲ့ နာမည်နဲ့ လက်နက်ကိုင်အဖွဲ့ဟာ ကျွန်းစုမြို့နယ်ပကဖနဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ဘူးလို့ အသိပေးထားပါတယ်။
အခုလို ကျွန်းစုမြို့နယ်ထဲရှိ ပြည်သူတွေကို လက်နက်ကိုင်ခြိမ်းခြောက်နေတဲ့ “ ဒေါင်းနက်” နာမည်နဲ့ လက်နက်ကိုင်အဖွဲ့ကို ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ မြို့နယ်ပကဖက ထည့်သွင်းထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။