နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရကာ မီးနေသည်ကလေးမိခင်အပါအဝင် (၃)ဦးသေဆုံးခဲ့

‌နိုဝင်ဘာလ (၃)ရက်။

နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ ဗုံး (၆)လုံး ကြဲသွားတာ။ သေဆုံးသူတွေထဲ မီးနေသည်ကလေးအမေနဲ့ သက်ကြီးရွယ်အိုတွေလဲ ပါတယ်။ သံဃာတွေလဲ ထိခိုက်ဒဏ်ရာရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ (၄)နာရီ (၁၃)မိနစ်မှာ တကြိမ်၊ (၁၆)မိနစ်မှာ တစ်ကြိမ်နဲ့ (၂၄)မိနစ်မှာ တစ်ကြိမ် ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးမီးဖွားပြီး (၃)ရက်သာရှိသေးတဲ့ မီးနေသည် ကလေးမိခင်အပါအဝင် အသက်(၇၀)အရွယ် အဖိုးတစ်ဦးနဲ့ အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သံဃာတော် (၂)ပါးနဲ့ ဒေသခံ (၄)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သကြားစက်ရုံနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇)ရက်နေ့ကလဲ နောင်ချိုမြို့ သပြေရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 26 Views
ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို နိုဝင်ဘာလ (၂၆)ရက်။ အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက်
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေလို့ NUG ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 29 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က အင်္ဂါနေ့တွင် ဥရောပ ဦးဆောင်သော ကိယက်ဗ် (Kyiv) အတွက် လုံခြုံရေး အာမခံချက်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက်
မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 62 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲ့တိုင်ရွာနဲ့ ယမုံရွာတွေဘက်ကို နယ်မြေကွင်းဆင်းတဲ့အချိန် ဘုရားထွက်ရွာဘက်ကနေ
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 59 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ် မည်သို့ပြောင်းလဲခဲ့သည်ကို ဖော်ထုတ်ခဲ့ရာ အကြီးစားပြုပြင်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်မှူးကို ရုတ်တရက်ထောင်မှ‌ ပြောင်းရွှေ့ အရေးယူ
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 52 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 55 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 45 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့