နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေစဉ် လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ဖော်ပြနေသည်။


အောက်တိုဘာလ (၂) ရက်၊ ဟောင်ကောင် (CNN)။
တရုတ်သည် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်ကို တည်ဆောက်နေပုံရသည်။ ကျွမ်းကျင်သူများက မကြုံစဖူး စွမ်းအားမြင့်တက်လာနိုင်ဖွယ်ရှိသည့် ဤသင်္ဘောသည် နိုင်ငံ၏ ရေတပ်တည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနိုင်သည်။
အမေရိကန်ကုမ္ပဏီ Planet Labs မှ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများသည် တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်းဒုံပြည်နယ်ရှိ လုံးဂျာကျွန်းရှိ သင်္ဘောကျင်းတွင် ကျယ်ဝန်းသော လေယာဉ်ပျံ ကုန်းပတ်ပါသည့် သင်္ဘောကို ပြသထားသည်။
အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘောတပ်မှူးဟောင်းလည်းဖြစ်သည့် သောမတ်ရှူးဂတ် (Thomas Shugart) က အမေရိကန်ရေတပ် CNAS မှ သုတေသနလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် သောမတ်စ်ရှူဂတ် (Thomas Shugart) က လေယာဉ်တင် သင်္ဘောအမျိုးအစားအသစ် ဖြစ်ပုံရသည့် သင်္ဘော၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားမှာ အထူးအဆန်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “အရင် လေယာဉ်တင်သင်္ဘောတွေထက် အများကြီး သေးငယ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်ရေတပ်က အသုံးပြုသည့် Type 075 ကုန်းနေရေနှစ်သွယ်ချေမှုန်းရေးသင်္ဘောထက် သေးငယ်သောကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး အရပ်ဘက်သုံး လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေနိုင်သည်ဟု Shugart က ပြောကြားခဲ့သည်။ သမုဒ္ဒရာရှာဖွေရေးသင်္ဘောကဲ့သို့ သင်္ဘောရှေ့တွင် အသုံးပြုရန် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုပါသည်။
သင်္ဘောသစ်တည်ရှိမှုကို အွန်လိုင်းမီဒီယာ “ Warzone´ မှ ပထမဆုံးဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အရှိန်အဟုန်ဖြင့် ခေတ်မီဆန်းသစ်သော စစ်သင်္ဘောများကို အမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။ နိုင်ငံ၏ လေယာဉ်တင်သင်္ဘော တည်ဆောက်ရေး နည်းပညာသည် အမေရိကန်နှင့် အပြိုင်ဖြစ်သည်။
လေယာဉ်တင်သင်္ဘော အမျိုးအစား သင်္ဘောသစ်များ ဆောက်လုပ်ခြင်းသည် “စစ်တပ်-အရပ်ဘက် ပေါင်းစပ်ဗျူဟာ” သို့ တရုတ်နိုင်ငံ၏ ကူးပြောင်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ ရှူးဂတ် (Shugart) ၏ အဆိုအရ တရုတ်နိုင်ငံသည် ဤမဟာဗျူဟာတွင် ရည်ရွယ်ချက် နှစ်မျိုးသုံး သင်္ဘောများကို အသုံးပြုနေသည်။
အမေရိကန် အင်ဒို-ပစိဖိတ် ပူးပေါင်းစစ်ဆင်ရေးဗဟို (US Indo-Pacific Command’s Joint Information Center) မှ စစ်ဆင်ရေးမှူးဟောင်း ကားလ်ရှူးစတား (Karl Schuster) က အဆိုပါ သင်္ဘောများသည် ကုန်ကျစရိတ်သက်သာစွာဖြင့် တည်ဆောက်နိုင်ဖွယ်ရှိသည့်အပြင် ခြိမ်းခြောက်မှုနည်းသော စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရန် စွမ်းဆောင်ရည်နှင့် စစ်ဆင်ရေးထောက်ပို့စွမ်းရည်များကို ပေါင်းထည့်ရန် ဖြစ်နိုင်ခြေရှိကြောင်း ထောက်ပြခဲ့သည်။
“သင်္ဘောကိုယ်နှိုက်က ပေါ့ပါးတဲ့အတွက် တရုတ်ကမ်းခြေစောင့်တပ်အတွက် ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို သယ်ယူရာမှာ အသုံးပြုနိုင်တယ်” ဟု ရှူးစတားက လေ့လာသုံးသပ်ထားသည်။ “ဝေဟင်လပ်ဖောင်းများ ထိန်းသိမ်းထားခြင်ဟာ ဝေးကွာတဲ့ ရေပြင်မှာ (ကမ်းခြေစောင့်တပ်ရဲ့) ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် တောင်ဘက်ပိုင်းနဲ့ ထိုင်ဝမ်အရှေ့ဘက်ရှိ ဝေးကွာတဲ့ရေပြင်မှာ ကင်းထောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖွယ်ရှိတယ်” ဟု ရှူးစတားက ဆက်လက်ပြောကြားခဲ့သည်။
ဓာတ်ပုံ။
Planet Labs

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ