နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

စပိန်ဘုရင်ဖိလစ်ကို ရေဘေးဒဏ်ခံရသည့် ဒေသခံများက ကြက်ဥများနှင့်ပစ်ပေါက်

နိုဝင်ဘာလ (၄) ရက်။

ရေလွှမ်းမိုးမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဗလင်စီယာဒေသကို စပိန်ဘုရင် ဖိလစ် (Felipe) နှင့် ဘုရင်မ လက်တီဇီယာ (Letizia) တို့ လာရောက်ကြည့်ရှုစဉ် ၎င်းတို့ကို ဒေသခံများက ဒေါသတကြီး အော်ဟစ်ငေါက်ပြီး ကြက်ဥများနှင့် ပစ်ပေါက်ခဲ့ကြပါသည်။

မုန်တိုင်းဒဏ်ခံရသော ပိုင်ရာပေါ်တာ (Paiporta) ၏ အပြင်ဘက်တွင် ဘုရင်သည် ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် (Pedro Sanchez) နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ကားလို့စ် မာဇွန် (Carlos Mazon) တို့နှင့်အတူ အပြင်းအထန် ဒဏ်ခံခဲ့ရသော ပိုင်ရာပေါ်တာ (Paiporta) သို့ သွားရောက်ကြည့်ရှုစဉ် ဘုရင်နှင့်အဖွဲ့ အား “လူသတ်သမားများ”ဟု ကြွေးကြော်ဆန့်ကျင်မှုကို ခံခဲ့ရသည်။ သဘာဝရေဘေးအန္တရာယ်အပေါ် အာဏာပိုင်များက ပေါ့လျော့စွာ တုံ့ပြန်ခဲ့ကြသည်ဟု ဒေသခံများက စွပ်စွဲခဲ့သည်။

ဘုရင်နှင့် အဖွဲ့က ယင်းနေရာတွင် ဓာတ်ပုံရိုက်ပြီးနောက် လူအုပ်ကြီးက ဘုရင်၊ မာဇွန် နဲ့ ဆန်ချက်ဇ်တို့ကို ပုတ်ခတ် စော်ကားလာခဲ့ကြပါသည်။ လူများက ပစ်ပေါက်လိုက်သည့်အရာတွေကနေ ကာကွယ်ရန် လုံခြုံရေးများက ထီးများဖွင့်ပြီး ကာပေးထားသည့်ကြားက လူအုပ်ကြီးက ရှေ့ကိုတိုးလာကြပါသည်။

ဖိလစ်ဘုရင်သည် မြို့ခံတစ်ဦးနှင့် ထိပ်တိုက်တွေ့သည့်အခါ တည်ငြိမ်စွာဖြင့် ထိုသူ၏စကားကို နားထောင်ရန် ထီးကို နှိမ့်ချလိုက်သည့်အခိုက်အတန့်တွင် စုဝေးနေသောသူများကို ထိန်းချုပ်ရန် ရဲများက ကြိုးစားရုန်းကန်နေရသည်။ ဘုရင်မလက်တီဇီယာသည်လည်း ဒေါသတကြီးဖြစ်နေသောသူများနှင့် စကားပြောဆိုကာ သူမ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သိသိသာသာ တုန်လှုပ်နေပုံရသည်။

ဆန္ဒပြပွဲအပြီးတွင် တော်ဝင်မိသားစု၏ ဆိုရှယ်မီဒီယာချန်နယ်တွင် ဘုရင်နှင့် မိဖုရားတို့သည် စိတ်ပျက်အားငယ်နေသူများအား အားပေးနှစ်သိမ့်ထားကြောင်းကို ပြသသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ အမျိုးသားတစ်ဦးသည် ဘုရင့်ရင်ခွင်ထဲသို့ဝင်ပြီး ငိုကြွေးနေပုံကို တွေ့ရပြီး နောက်တစ်ကြိမ်တွင် ဘုရင်သည် ငိုယိုနေသော အမျိုးသမီးနှစ်ဦးကို ပွေ့ဖက်ထားသည်ကို မြင်တွေ့ရသည်။

စပိန်ဘုရင်တစ်ပါးသည် ဤမျှပြင်းထန်သော လူထုဒေါသကို အနီးကပ်ရင်ဆိုင်ရသည်မှာ အထူးအဆန်းဖြစ်သည်။ ဖိလစ်ပီသည် ခမည်းတော် နန်းစွန့်ပြီးနောက် ထီးနန်းတက်ခဲ့သော အတော်လေး ရေပန်းစားသောပုဂ္ဂိုလ်ဖြစ်သည်။

အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း ဆက်နေရန် ဘုရင်က တောင်းဆိုထားသော်လည်း စောစောထွက်သွားသည့်မာဇုံနှင့် ဆန်ချက်ဇ်တို့အား လူထု၏ဒေါသကြီးက အဓိကသက်ရောက်လာခဲ့သည်။

ဆန်ချက်ဇ်၏ရုံးမှ ထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးချုပ်ကို လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း ထိုနေရာမှ ဖယ်ရှား ခေါ်ယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ X ၏ကြေငြာချက်တွင် မာဇွန်က သူသည် လူထုဒေါသကို နားလည်ပြီး ဘုရင်၏ “ စံပြ” အပြုအမူကို ချီးမွမ်းခဲ့သည်။

ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၁၄ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူဦးရေမှာ တိုးမြင့်လာနိုင်သည်။ နောက်ဆုံး သေဆုံးသူများထဲတွင် တွေ့ရသည့်အလောင်းကို အိမ်မှ ၁၂ ကီလိုမီတာ (ခုနစ်မိုင်) ကျော်အကွာတွင် တွေ့ရှိခဲ့သည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

အကျပ်အတည်းကို နှေးကွေးပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမရှိသော တုံ့ပြန်မှုကြောင့် ဗလင်စီယာတွင် လူအများကို ဒေါသအမျက် ထွက်စေခဲ့သည်။ မိုးလေဝသဝန်ဆောင်မှုမှ ရေကြီးရေလျှံမှု သတိပေးချက်များထွက်လာပြီး နာရီများစွာအကြာမှ စာသားသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

စနေနေ့တွင်၊ ဆန်းချက်ဇ်သည် ရေလွှမ်းမိုးနေသောဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နောက်ထပ်တပ်ဖွဲ့ဝင် ၅၀၀၀ ကို အမိန့်ပေးခဲ့ပြီး မုန်တိုင်းအား ခရိုင်၏သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဟုခေါ်ဆိုခဲ့သည်။

အာဏာပိုင်များ၏ နှေးကွေးသော တုံ့ပြန်မှုကြောင့် လူထုက ဒေါသနှင့် စိတ်ပျက်မှုကို ဖြစ်ခဲ့ပြီး ၎င်း၏ဆောင်ရွက်မှုသည် “မလုံလောက်” ကြောင်း ဆန်းချက်ဇ်က ဝန်ခံခဲ့သည်။

ပြဿနာ၏ တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံရေးပင်ဖြစ်သည်။ မာဇွန်နှင့် ဆန်ချက်ဇ်တို့သည် မတူညီသောပါတီများမှဖြစ်ပြီး စပိန်၏ နိုင်ငံရေး စနစ်အောက်တွင်၊ စပိန်ဖက်ဒရယ်အစိုးရသည် ဒေသဆိုင်ရာအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အရေးပေါ်ရန်ပုံငွေများနှင့် အရင်းအမြစ်များကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ရေကြီးပြီး လေးရက်အကြာသည့် စနေနေ့အထိ အကူအညီများက ရောက်မလာခဲ့ပါ။

စပိန်မိုးလေဝသအေဂျင်စီက ကမ်းရိုးတန်း ဗလင်စီယာ ဧရိယာတွင် မိုးပိုများလာခြင်းကြောင့် အမြင့်ဆုံးအနီရောင်အဆင့်သို့ ရာသီဥတု သတိပေးချက် တိုးမြှင့်ထားလိုက်ပြီး တနင်္ဂနွေနေ့တွင် အာဏာပိုင်များက ဒေသခံများအား ခိုလှုံနေရာရှာကြရန် သတိပေး ခဲ့သည်။

စပိန်မိုးလေဝသဌာန AEMET ၏အဆိုအရ တနင်္လာနေ့တွင် အနီရောင် သတိပေးချက်မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်များသည် ကက်စတယ်လီယွန် (Castellón) နှင့် တာရာဂိုနာ(Tarragona) ၏နေရာအစိတ်အပိုင်းများအတွက် လိမ္မော်ရောင်နှင့် အဝါရောင်သတိပေးချက် မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်များ သက်ရောက်မှုရှိသော်လည်း တနင်္လာနေ့တွင် ဗလင်စီယာအတွက် အနီရောင်မိုးရွာသွန်းမှု သတိပေးချက်များ ကုန်ဆုံးသွားခဲ့သည်။

အယ်လ်ဒါယီယာ (Aldaia) မြို့တော်ဝန် Guillermo Lujan ကလည်း ဒေသခံများအား ၎င်းတို့၏ အလုပ်နေရာများမှ ထွက်ခွာကြရန် တိုက်တွန်းထားပြီး နောက်ဆုံးပေါ် သတိပေးချက်ကြောင့် လမ်းများပေါ်ထွက်ကြရန် ၎င်းတို့အား X သို့ ပို့စ်တင်ရန် တိုက်တွန်းခဲ့သည်။ တောင်ဘက်တွင် မိုးရွာသွန်းမှုကြောင့် အချို့နေရာများတွင် ရေများမြင့်တက်နေသဖြင့် Mazarrón မြို့ခံများအား ရှောင်ရှားရန် Murcia ဒေသဆိုင်ရာအစိုးရမှ သတိပေးချက်တစ်ခုပေးပို့ခဲ့သည်။

တစ်ချိန်တည်းတွင် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာသည် ရေဘေးအပျက်အစီးများကို ရှင်းလင်းရန် ပြည်နယ်အစိုးရ၏ တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြသည်။ အာဏာပိုင်များသည် ကြိုတင်ပြင်ဆင်နိုင်မှုမရှိဘဲ ဖြစ်ပေါ်လာမှုကြောင့် ရှုပ်ပွစုပုံနေသော အမှိုက်သရိုက်များကို ရှင်းလင်းခြင်း ၊ ရိက္ခာများ လျင်မြန်စွာ ကုန်သွားခြင်းနှင့်လူများကို ပို့ဆောင်ရန် ဘတ်စ်ကားများ ထပ်မံရှာဖွေရန် ရုန်းကန်နေကြရသည်။

စေတနာ့ဝန်ထမ်းများသည် နာရီပေါင်းများစွာ စောင့်ခဲ့ရပြီးနောက် စိတ်ပျက်စွာ ပြန်သွားခဲ့ရသည်။ အသက်၁၈ နှစ်အရွယ်ပက်ဒရို ဒီရှောင်း (Pedro de Juan) သည် ရုပ်ရှင်များတွင် ဤကဲ့သို့သော မြင်ကွင်းများကိုသာ မြင်တွေ့ခဲ့ရသော်လည်း စေတနာ့ဝန်ထမ်း ဘတ်စ်ကားပေါ်တက်ရန် နံနက် ၇ နာရီမတိုင်မီတွင် လာရောက်ခဲ့သည်။ “ တော်တော်များများက စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်” ဟု သူက ‌ပြောသည်။

“အဲဒါ ငါတို့အပြစ် မဟုတ်ဘူး ဒါဟာ တခြားတစ်ယောက်ရဲ့ အပြစ်ပါ” လို့ အစိုးရက ပြောတာ အံ့သြစရာပဲ။ ဒါပေမယ့် ဒီအချိန်မှာ လက်ခုပ်တီးပြီး အချင်းချင်း ကူညီရမယ်” ​​ဟု တန်းစီစောင့်ဆိုင်းနေစဉ် စနေနေ့က CNN သို့ ပြောကြားခဲ့သည်။

“စစ်တပ်နဲ့ ရဲတွေက ကျနော်တို့ မျှော်လင့်ထားသလောက် မကူညီဘဲ ရက်တွေအများကြီးနောက်ကျမှ ရောက်လာတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးရစစ်တမ်းများ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 5 Views
အောက်တိုဘာလ (၄) ရက်။ ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ဆုံးဖြတ်ရန် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ခုနစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန်

လစဥ်ကြေးပေးသွင်းသူများ ရုတ်သိမ်းသွားခြင်းနှင့်အတူ ဝန်ထမ်းများ နုတ်ထွက်ပြီးနောက် ဝါရှင်တန်ပို့စ်သတင်းစာကို ထောက်ခံခြင်းမရှိတော့သည့်အခြေအနေကို ဂျက်ဖ်ဘီဇို့စ်က ခုခံကာကွယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
အောက်တိုဘာလ (၃၀) ရက်။ ဝါရှင်တန်ပို့စ်ပိုင်ရှင် ဂျက်ဖ်ဘီဇို့စ်သည်သူ၏ သမ္မတရွေးကောက်ပွဲတွင် သူ့သတင်းစာက မည်သူ့ကို ထောက်ခံကြောင်း ဆုံးဖြတ်မှုအတွက် လူအများအကြား အကြီးအကျယ်
နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မြို့သည် လမ်းသွားလမ်းလာများ မီးပွိုင့်များကို လျစ်လျူရှုပြီး လမ်းဖြတ်ကူးခြင်းနှင့် လူကူးမျဉ်းကျားမှ မဖြတ်ကူးခြင်းကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 9 Views
နိုဝင်ဘာလ (၄) ရက်၊ CNN ဂျပန်။ လမ်းသွားလမ်းလာများသည် မီးပွိုင့်များကို လျစ်လျူရှုကာ လမ်းဖြတ်ကူးသည့် အလေ့အကျင့်ကို တရားဝင် ဖြစ်စေမည့် လမ်းဖြတ်ကူးခြင်းကို တရားဝင်ဖြစ်စေမည့် ဥပဒေကြမ်းတစ်ရပ်ကို နယူးယောက်မြို့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ စက်တင်ဘာလတွင် နယူးယောက်မြိုကောင်စီမှ လမ်းသွားလမ်းလာများအား
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 4 Views
ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား +++++++++++++++++ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ့် နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကြော်ငြာတွေအတွက် ဒေါ်လာသန်းနဲ့ချီပြီး သုံးစွဲခဲ့ပါတယ်။ “ကာမယ်လာက သူတို့အတွက်၊ သမ္မတထရန့်က မင်းတို့အတွက်ပါ” ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးတဲ့ အွန်လိုင်းနဲ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အထူးတပ်ဖွဲ့စစ်ဆင်ရေးဖြင့် အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာစပိုင်ကို လက်ဘနွန်ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 14 Views
နိုဝင်ဘာလ (၃) ရက်။ အစ္စရေးရေတပ် အထူးတပ်ဖွဲ့ “ရှာရက်တေ ၁၃ (Shayetet 13)” ၏ စစ်ဆင်ရေးတွင် လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့၏ အဆင့်မြင့် စပိုင်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ ကျန်တော့ပြီး သမ္မတလောင်းနှစ်ဦးစလုံးသည် တောင်ပိုင်းရှိ ပြည်နယ်များတွင် အပြိုင်အဆိုင်မဲဆွယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 8 Views
နိုဝင်ဘာလ (၂) ရက်၊ CNN ဂျပန်။ ကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟဲရစ်နှင့် ရီပတ်ဘလီကန်သ မ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် တောင်ပိုင်းပြည်နယ်များကို ဖြတ်သန်းသွားလာရင်း အပြိုင်အဆိုင် တစ်ဦးနှင့်တစ်ဦး စကားဆစ်ထိုးနှက်နေကြသည်။ နိုဝင်ဘာလ (၂)
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေစဉ် လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ဖော်ပြနေသည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 7 Views
အောက်တိုဘာလ (၂) ရက်၊ ဟောင်ကောင် (CNN)။တရုတ်သည် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်ကို တည်ဆောက်နေပုံရသည်။ ကျွမ်းကျင်သူများက မကြုံစဖူး စွမ်းအားမြင့်တက်လာနိုင်ဖွယ်ရှိသည့် ဤသင်္ဘောသည် နိုင်ငံ၏ ရေတပ်တည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနိုင်သည်။အမေရိကန်ကုမ္ပဏီ Planet Labs မှ ရိုက်ကူးထားသော
နိုင်ငံတကာသတင်း အမေရိကန်

သူ့ကို ဝေဖန်တဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကိုစစ်မက်မက်မောတဲ့သူအဖြစ် စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်သင့်တယ်ဟု ထရန့်ပြောဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 51 Views
နိုဝင်ဘာလ (၂) ရက်။ အမေရိကန် ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ဝေဖန်သည့် ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကို “ စစ်မက်မက်မောသူအဖြစ် စွပ်စွဲပြီး သူ့ကို ပစ်သတ်သင့်တယ်” ဟု ပြောဆိုခဲ့ပါသည်။ အောက်တိုဘာ