နိုဝင်ဘာလ (၆)ရက်။
နိုဝင်ဘာလ (၃)ရက်နေ့ ည(၇)နာရီခန့်က ဇီးကုန်းမြို့နယ် ဘေယ်ဘင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဘော်ဘင်ရွာမှာ စစ်ကောင်စီအထိုင်ချထားတဲ့ အကြမ်းဖက်တပ်ဖွဲ့စခန်းကို စစ်ကောင်စီအဖွဲ့တွေ ကင်းပတ်တဲ့အချိန် ဝင်ပစ်ခဲ့တာပါ။ အဲ့ဒီမှာ အထိနာပြီး စကစနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။
ဘော်ဘင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ကသ်းပတ်နေချိန် ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် အထိနာခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိဘဲ စစ်ကောင်စီထံက ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို တပ်ရင်း(၃၈၀၁) တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း (၃၈၀၂) မြေအောက်ပျောက်ကျားတပ်ဖွဲ့နဲ့ BTZM GBK-PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့က ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။