နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

နိုဝင်ဘာလ (၇)ရက်။

မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြှင့်ဆောင်ရွက်မယ့် အခြေအနေတွေကို ဆွေး‌နွေးခဲ့တယ်လို့ ဆိုပါတယ်။

‌နောက်ပြီး မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲတဲ့ အခြေအနေတွေနဲ့ အခုအခြေအနေတွေအပါအဝင် ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတာကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ထဲ စစ်ကောင်စီက အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေတာတွေ၊ အာဆီယံအစည်းအဝေးတွေမှာ ပါဝင်နိုင်တဲ့ အခြေအနေတွေကိုလဲ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဆီယံမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်တွေကို မလိုက်နာဘဲ ချိုးဖောက်နေဆဲပဲလို့ ပြောဆိုထားပါတယ်။

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေပြီး အားလုံးမပါဝင်နိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တာကြောင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ အခုလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူ (၁၆)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထားဝယ်မြို့အဝင် ကမြောကင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၇)ဦးထက်မနည်းသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က ည(၇)နာရီခန့်မှာ ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်ကုမ္ပဏီ DeepSeek က တန်ဖိုးနည်း AI မော်ဒယ်လ်ကို ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်စတော့ဈေးကွက် ထိုးကျသွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈) ရက်။ အမေရိကန်စတော့ရှယ်ယာစျေးနှုန်းများသည် ဇန်နဝါရီလ (၂၇) ရက် အင်္ဂါနေ့တွင် ကျဆင်းသွားပြီး ဉာဏ်ရည်တု (AI) တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Nvidia သည် စျေးကွက်အရင်းအနှီးမှ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့သည်။ တရုတ်
မြန်မာသတင်း

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က တောင်သာမြို့ရှိ ရွာတန်းရှည်ရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာထံက သိရပါတယ်။ “ ဒီကနေ့ နံနက်(၁)နာရီခွဲလောက်က ရွာတန်းရှည်ရွာအနီးကို စက်တပ်လေထီးနဲ့ ဗုံးသီးချတာ (၃)နှစ်ကလေးနဲ့ အမျိုးသားတစ်ဦး
မြန်မာသတင်း

ဆိပ်ဖြူမြို့ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၅၀)မိနစ်အချိန်က ဆိပ်ဖြူမြို့ တညောင်လမ်းပိုင်းတနေရာမှာ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Caf-Spupdf ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကပစ(၂၁)က
1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး
မြန်မာသတင်း

နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်တာနဲ့ လောင်းကစားတွေ နှိမ်နင်းဖို့ စစ်ကောင်စီ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က နေပြည်တော်မှာ နယ်စပ်ဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်တာနဲ့ လောင်းကစားတွေကို တားဆီးနှိမ်နင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးတရပ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ရာပြည့်အပါအဝင် ဗဟိုကော်မတီဝင်တွေ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီက ဥက္ကဋ္ဌတွေ၊
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးယူပြီး လူစားထိုးတဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် (၃)ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 7 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ လူစားထိုးပေးမယ်ဆိုပြီး ငွေကြေးယူခဲ့တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်အပါအဝင် (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်ထဲ မြို့နယ်အုပ်ချုပ်ရေးမှူး