နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

နိုဝင်ဘာလ (၁၁)ရက်။

အခု ၂၀၂၄ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက နေပြည်တော်မှာ လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ အဲ့ဒီအဖွဲ့ထဲမှာ ဆုရနိုင်တဲ့သူတွေကို တာဝန်ပေးတာတွေ မပြုလုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

အခုပြုလုပ်မယ့် ဆုပေးပွဲကို အရင်နှစ်ကအတိုင်း ကျင်းပနိုင်ဖို့အပါအဝင် ဆုရင့်တဲ့သူတွေ ရရှိစေဖို့အတွက် အကဲဖြတ်စိစစ်ရေးအဖွဲ့မှာ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ ရွေးချယ်ဖို့ကိုလဲ ပြောဆိုထားပါတယ်။

၂၀၂၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက မတည်ကျင်းပခဲ့ပြီး ရွှေစင်ရုပ်တုအားလုံးနဲ့ ကုန်ကျစရိတ်တွေကို ထုတ်နုတ်ဆောင်ရွက်ပေးခဲ့တာပါ။

အခုနှစ်အတွက် ကျင်းပမယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 1 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 1 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 6 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 3 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့ နပခဌာနချုပ်တိုက်ပွဲထဲ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲထဲ စစ်ကောင်စီတပ်စခန်း (၈)ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ ခမရ(၃၇၃)၊ အမတ(၃၇၄)၊ အမှတ်(၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ်(၃၄၅)စစ်လက်နက်ပစ္စည်းတပ်ခွဲ၊
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထားတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံမြို့ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့