နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ထရန့်သမ္မတရာထူး မယူမီ ဗြိတိန်နှင့် ပြင်သစ်တို့ ပိုမိုနီးကပ်စွာ ဆက်သွယ်မှုများ ပြုလုပ်ထားရန် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ (Keir Starmer) သည် ပါရီအပစ်အခတ်ရပ်စဲရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ လန်ဒန်၊ CNN။

ကီရာစတာမာသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်ပွဲကို တနင်္လာနေ့တွင် တက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်းမတိုင်မီ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသော ဆက်ဆံရေးများ တိုးတက် နီးကပ်လာစေရန်ကြိုးစားလာခဲ့ကြသည်။

စတာမာသည် ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန်နှင့်အတူ ပါရီတွင် စစ်မှုထမ်း ဟောင်းများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူများနှင့် နောက်ဆက်တွဲပဋိပက္ခများတွင် ပါဝင်ခဲ့သည့် စစ်ပြန်များကို ဂုဏ်ပြုခဲ့ကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းမှ သိရသည်။

ပြင်သစ်မြို့တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲများကို နောက်ဆုံးတက်ရောက်ခဲ့သည့် ဗြိတိန်ခေါင်းဆောင်သည် ၁၉၄၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ချားလ်ဒီဂေါ (Charles de Gaulle) ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သူက ၀န်ကြီးချုပ်ဟောင်း ဝင်စတန်ချတ်ချီလ် (Winston Churchill) ဖြစ်ပါသည်။

ဗြိတိန်ဝန်ကြီးချုပ်သည် ပြင်သစ်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေပုံရပြီး ဥရောပနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးတည်ဆောက်ကာ ဥရောပမှ ဗြိတိသျှခွဲထွက်မှု (Brexit ) အပြီးတွင် EU နှင့် ဆက်ဆံရေး ပြန်လည်စတင်ရန် ယခင်က ကတိပြုခဲ့သည့်အတိုင်း တွေ့ခဲ့သည်။

တနင်္လာနေ့ အထိမ်းအမှတ်ပွဲများမတိုင်မီ စတာမာသည် မက်ခရွန်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းတွင် ရုရှား၏စစ်ပွဲ၊ ဥရောပလုံခြုံရေးနှင့် ဂါဇာရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပါဝင် သည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

“ ခေါင်းဆောင်နှစ်ဦးသည် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းကို မယိမ်းယိုင်ဘဲ ထောက်ခံအားပေးရန်နှင့် ယူကရိန်းတွင် ရုရှား၏ကျူးကျော်စစ်ကို အနိုင်ယူရန် လိုအပ်သမျှကာလပတ်လုံး ၎င်းတို့၏ သန္နိဋ္ဌာန်ကို အလေးထားကြောင်း ပြင်သစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရန့်သည် ကိ့ဗ်နှင့်ရုရှား စစ်ပွဲအတွက် အထောက်အပံ့ကို ဖြတ်တောက်မည်ဟု အကြံပြုထားပြီး စစ်ပွဲကို တစ်ရက်အတွင်း ဖြေရှင်းနိုင်မည်ဟု မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် ‌ပြောဆိုထားသည်။

ဇန်နဝါရီလတွင် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီတွင် ဥရောပမဟာမိတ်များက ယူကရိန်းအတွက် အမေရိကန်၏ရန်ပုံငွေကို လျော့ပါးလာနိုင်မှုကို တွက်ဆလျက်ရှိသည်။ ပြီးခဲ့သည့်အပတ်က မက်ခရွန် က ဥရောပတိုက်ကြီးအတွက် အရေးကြီးသော အချိန်၌ ဥရောပသည် မိမိ၏ပန်းတိုင်ကိုသွားရန်အတွက်ထိန်းချုပ်နိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပြီး “ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အမေရိကန်တွေကို အမြဲတမ်း ယုံကြည် အားကိုးလို့ မရနိုင်ပါ” ဟု ဆိုခဲ့သည်။

စတာမာနှင့် မက်ခရွန် တို့သည် ကုန်သွယ်ရေးနှင့် ထရန့်၏ သမ္မတရာထူးရရှိလာမှုအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးကြရန် မျှော်လင့်ထားကြောင်း The Guardian သတင်းစာက ဖော်ပြခဲ့ပြီး ၎င်းကို “ ဒေါ်နယ်ထရန့် ပြန်လည်အရွေးခံရပြီးနောက် ဥရောပ သွေးစည်း ညီညွတ်မှုကို ထင်ရှားစွာပြသခြင်း” ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။

သမ္မတလောင်းအဖြစ်ရှိစဥ်ကာလတွင်ထရန့် က ပြည်ပတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% တိုးဖို့ ကတိပြုခဲ့ပါသည်။ ယူကေ၏ ကုန်သွယ်မှုစုစုပေါင်း၏ ၁၇% ကျော်သည် အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး ယူကေနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သောကြောင့် ဗြိတိန်အတွက် စိုးရိမ်မှုဖြစ်စေခဲ့သည်။

ယူကေနှင့် ပြင်သစ်ကြား ‘တည်မြဲသော ချစ်ကြည်ရေး’

++++++++++++++++++++++++++++++

တနင်္လာနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံရှိ ဝန်စတန်ချာချီ ရုပ်တုနှင့် အမည်မသိတပ်သား၏ဂူဗိမာန် အပါအဝင် ပါရီမြို့အနှံ့ အထိမ်းအမှတ် အသီးသီးတွင် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ခေါင်းဆောင်များက အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။

“ ဒီနေ့ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ လွတ်လပ်မှုအတွက် အဆုံးစွန်သော စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်ခဲ့တဲ့ ပထမကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းစစ်သည်တွေကို သမ္မတ Macronနဲ့အတူ ဂုဏ်ပြုတဲ့အနေနဲ့ ပါရီမှာ ရှိနေရတာ ဂုဏ်ယူမိပါတယ်” ဟု စတာမာက ပြောကြားခဲ့သည်။

“ဒီအဖြစ်အပျက်တွေဟာ လူငယ်စစ်သားတွေ၊ သင်္ဘောသားတွေနဲ့ လေယာဉ်မှူးတွေ မျိုးဆက်တွေအဆက် ဆက်အသက်ရှင်နေတဲ့ သန်းနဲ့ချီတဲ့ အမှတ်ရစရာတွေကို သေချာစေဖို့အတွက် အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်၏ ကိုယ်ရေးကိုယ်တာ ဖိတ်ကြားချက်အရ စတာမာ ရောက်ရှိနေခြင်းသည် “ ဗြိတိန်နှင့် ပြင်သစ်ကြားတွင် ရင်းနှီးပြီးတည်မြဲသောချစ်ကြည်ရင်းနှီးမှုကို သင်္ကေတပြုသည်” ဟု ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

စတာမာသည် စက်တင်ဘာလတွင် ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာသော မိုက်ကယ် ဘာနီယာ (Michel Barnier) နှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံရန် မျှော်လင့်ထားသည်။

ဥရောပတွင် မဟာမိတ်တပ်များ၏ အောင်ပွဲနှစ် ၈၀ ပြည့်နှင့် ၁၉၄၅ အရှေ့ဖျားတွင် ဒုတိယကမ္ဘာစစ်အဆုံးသတ်ခြင်း အထိမ်းအမှတ်အဖြစ် စတာမာသည်လည်း ပေါင် ၁၀ သန်း( £10 million) ဒေါ်လာ ၁၃သန်း နီးပါးကို သုံးစွဲမည်ဟု ကြေညာထားသောကြောင့် တနင်္လာနေ့လာရောက်လည်ပတ်ခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် သြဂုတ် ၁၅ ရက်များတွင် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲများကို လာမည့်နှစ်တွင် ဗြိတိန်တစ်ဝှမ်းတွင် ကျင်းပမည်ဖြစ်ကြောင်း စတာမာ၏ရုံးမှ ကြေညာခဲ့သည်။

“ဤအစိုးရသည် လာမည့်နှစ်တွင် VE (ဥရောပ၌အောင်ပွဲခံခြင်း) နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့နှင့် VJ (ဂျပန်အပေါ် အောင်ပွဲခံ) အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ ရောင်ပြန်ဟပ်မှု အခိုက်အတန့်တွင် နိုင်ငံတော်ကို စုစည်း၍ ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး၊ ကျဆုံးသွားသူများကို အမှတ်ရစေဖို့ အတွက်ဖြစ်တယ်” ဟု စတားမာက ပြောပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို