နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ထရန့်သမ္မတရာထူး မယူမီ ဗြိတိန်နှင့် ပြင်သစ်တို့ ပိုမိုနီးကပ်စွာ ဆက်သွယ်မှုများ ပြုလုပ်ထားရန် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ (Keir Starmer) သည် ပါရီအပစ်အခတ်ရပ်စဲရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ လန်ဒန်၊ CNN။

ကီရာစတာမာသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်ပွဲကို တနင်္လာနေ့တွင် တက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်းမတိုင်မီ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသော ဆက်ဆံရေးများ တိုးတက် နီးကပ်လာစေရန်ကြိုးစားလာခဲ့ကြသည်။

စတာမာသည် ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန်နှင့်အတူ ပါရီတွင် စစ်မှုထမ်း ဟောင်းများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူများနှင့် နောက်ဆက်တွဲပဋိပက္ခများတွင် ပါဝင်ခဲ့သည့် စစ်ပြန်များကို ဂုဏ်ပြုခဲ့ကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းမှ သိရသည်။

ပြင်သစ်မြို့တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲများကို နောက်ဆုံးတက်ရောက်ခဲ့သည့် ဗြိတိန်ခေါင်းဆောင်သည် ၁၉၄၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ချားလ်ဒီဂေါ (Charles de Gaulle) ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သူက ၀န်ကြီးချုပ်ဟောင်း ဝင်စတန်ချတ်ချီလ် (Winston Churchill) ဖြစ်ပါသည်။

ဗြိတိန်ဝန်ကြီးချုပ်သည် ပြင်သစ်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေပုံရပြီး ဥရောပနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးတည်ဆောက်ကာ ဥရောပမှ ဗြိတိသျှခွဲထွက်မှု (Brexit ) အပြီးတွင် EU နှင့် ဆက်ဆံရေး ပြန်လည်စတင်ရန် ယခင်က ကတိပြုခဲ့သည့်အတိုင်း တွေ့ခဲ့သည်။

တနင်္လာနေ့ အထိမ်းအမှတ်ပွဲများမတိုင်မီ စတာမာသည် မက်ခရွန်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းတွင် ရုရှား၏စစ်ပွဲ၊ ဥရောပလုံခြုံရေးနှင့် ဂါဇာရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပါဝင် သည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

“ခေါင်းဆောင်နှစ်ဦးသည် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းကို မယိမ်းယိုင်ဘဲ ထောက်ခံအားပေးရန်နှင့် ယူကရိန်းတွင် ရုရှား၏ကျူးကျော်စစ်ကို အနိုင်ယူရန် လိုအပ်သမျှကာလပတ်လုံး ၎င်းတို့၏ သန္နိဋ္ဌာန်ကို အလေးထားကြောင်း ပြင်သစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရန့်သည် ကိ့ဗ်နှင့်ရုရှား စစ်ပွဲအတွက် အထောက်အပံ့ကို ဖြတ်တောက်မည်ဟု အကြံပြုထားပြီး စစ်ပွဲကို တစ်ရက်အတွင်း ဖြေရှင်းနိုင်မည်ဟု မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် ‌ပြောဆိုထားသည်။

ဇန်နဝါရီလတွင် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီတွင် ဥရောပမဟာမိတ်များက ယူကရိန်းအတွက် အမေရိကန်၏ရန်ပုံငွေကို လျော့ပါးလာနိုင်မှုကို တွက်ဆလျက်ရှိသည်။ ပြီးခဲ့သည့်အပတ်က မက်ခရွန် က ဥရောပတိုက်ကြီးအတွက် အရေးကြီးသော အချိန်၌ ဥရောပသည် မိမိ၏ပန်းတိုင်ကိုသွားရန်အတွက်ထိန်းချုပ်နိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပြီး “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အမေရိကန်တွေကို အမြဲတမ်း ယုံကြည် အားကိုးလို့ မရနိုင်ပါ” ဟု ဆိုခဲ့သည်။

စတာမာနှင့် မက်ခရွန် တို့သည် ကုန်သွယ်ရေးနှင့် ထရန့်၏ သမ္မတရာထူးရရှိလာမှုအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးကြရန် မျှော်လင့်ထားကြောင်း The Guardian သတင်းစာက ဖော်ပြခဲ့ပြီး ၎င်းကို “ဒေါ်နယ်ထရန့် ပြန်လည်အရွေးခံရပြီးနောက် ဥရောပ သွေးစည်း ညီညွတ်မှုကို ထင်ရှားစွာပြသခြင်း” ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။

သမ္မတလောင်းအဖြစ်ရှိစဥ်ကာလတွင်ထရန့် က ပြည်ပတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% တိုးဖို့ ကတိပြုခဲ့ပါသည်။ ယူကေ၏ ကုန်သွယ်မှုစုစုပေါင်း၏ ၁၇% ကျော်သည် အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး ယူကေနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သောကြောင့် ဗြိတိန်အတွက် စိုးရိမ်မှုဖြစ်စေခဲ့သည်။

ယူကေနှင့် ပြင်သစ်ကြား ‘တည်မြဲသော ချစ်ကြည်ရေး’

++++++++++++++++++++++++++++++

တနင်္လာနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံရှိ ဝန်စတန်ချာချီ ရုပ်တုနှင့် အမည်မသိတပ်သား၏ဂူဗိမာန် အပါအဝင် ပါရီမြို့အနှံ့ အထိမ်းအမှတ် အသီးသီးတွင် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ခေါင်းဆောင်များက အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။

“ဒီနေ့ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ လွတ်လပ်မှုအတွက် အဆုံးစွန်သော စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်ခဲ့တဲ့ ပထမကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းစစ်သည်တွေကို သမ္မတ Macronနဲ့အတူ ဂုဏ်ပြုတဲ့အနေနဲ့ ပါရီမှာ ရှိနေရတာ ဂုဏ်ယူမိပါတယ်” ဟု စတာမာက ပြောကြားခဲ့သည်။

“ဒီအဖြစ်အပျက်တွေဟာ လူငယ်စစ်သားတွေ၊ သင်္ဘောသားတွေနဲ့ လေယာဉ်မှူးတွေ မျိုးဆက်တွေအဆက် ဆက်အသက်ရှင်နေတဲ့ သန်းနဲ့ချီတဲ့ အမှတ်ရစရာတွေကို သေချာစေဖို့အတွက် အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်၏ ကိုယ်ရေးကိုယ်တာ ဖိတ်ကြားချက်အရ စတာမာ ရောက်ရှိနေခြင်းသည် “ဗြိတိန်နှင့် ပြင်သစ်ကြားတွင် ရင်းနှီးပြီးတည်မြဲသောချစ်ကြည်ရင်းနှီးမှုကို သင်္ကေတပြုသည်” ဟု ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

စတာမာသည် စက်တင်ဘာလတွင် ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာသော မိုက်ကယ် ဘာနီယာ (Michel Barnier) နှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံရန် မျှော်လင့်ထားသည်။

ဥရောပတွင် မဟာမိတ်တပ်များ၏ အောင်ပွဲနှစ် ၈၀ ပြည့်နှင့် ၁၉၄၅ အရှေ့ဖျားတွင် ဒုတိယကမ္ဘာစစ်အဆုံးသတ်ခြင်း အထိမ်းအမှတ်အဖြစ် စတာမာသည်လည်း ပေါင် ၁၀ သန်း( £10 million) ဒေါ်လာ ၁၃သန်း နီးပါးကို သုံးစွဲမည်ဟု ကြေညာထားသောကြောင့် တနင်္လာနေ့လာရောက်လည်ပတ်ခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် သြဂုတ် ၁၅ ရက်များတွင် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲများကို လာမည့်နှစ်တွင် ဗြိတိန်တစ်ဝှမ်းတွင် ကျင်းပမည်ဖြစ်ကြောင်း စတာမာ၏ရုံးမှ ကြေညာခဲ့သည်။

“ဤအစိုးရသည် လာမည့်နှစ်တွင် VE (ဥရောပ၌အောင်ပွဲခံခြင်း) နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့နှင့် VJ (ဂျပန်အပေါ် အောင်ပွဲခံ) အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ ရောင်ပြန်ဟပ်မှု အခိုက်အတန့်တွင် နိုင်ငံတော်ကို စုစည်း၍ ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး၊ ကျဆုံးသွားသူများကို အမှတ်ရစေဖို့ အတွက်ဖြစ်တယ်” ဟု စတားမာက ပြောပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 99 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 92 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက