နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို တော်လှန်ရေး‌တပ်တွေ သိမ်းပိုက်ရရှိခဲ့

နိုဝင်ဘာလ (၁၂)ရက်။

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

ဖာပွန်မြို့ရဲ့ တောင်ဘက် (၇)မိုင်ခန့်အကွာရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၆)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၉)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖာပွန်မြို့ရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး BPLA ဘက်ကလဲ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။

“ နှစ်ပေါင်း(၇၀)ကြာ တပ်စွဲထားတဲ့ KNU/KNLA တပ်မဟာ(၅)နယ်မြေထဲက ဖာပွန်ကူးဆိပ်စခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိခဲ့ပါတယ်” လို့ BPLA တာဝန်ခံ မောင်ဆောင်းခက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းဟာ ၁၉၅၄-၅၅ ခုနှစ်တွေကထဲက နှစ်ပေါင်း (၇၀)ကြာတဲ့အထိ စစ်တပ်က နေရာယူတပ်စွဲထားခဲ့တဲ့ သက်တမ်းရင့်တပ်စခန်းတစ်ခုဖြစ်ကာ စခန်းသိမ်းတိုက်ပွဲ အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိသေးပါဘူး။

ဖာပွန်ကူးဆိပ်တပ်စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၈)ဦးသေဆုံးခဲ့ပြီး ပခုံးထမ်း RPG (၃)လက်နဲ့ အခြားလက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မှော်ဘီရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာန ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon
မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားက မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 1 Views
နိုဝင်ဘယလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်က ဘုရားသုံးဆူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျား နေအိမ်က မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့
မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 9 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀(အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)မှာ
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ညီညွတ်ဖို့လိုကာ အဲ့ဒီညီညွတ်ရေးကို
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 15 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်