နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ သန်းခေါင်စာရင်း ပြည်သူတွေ ပူးပေါင်းပါဝင်တာမရှိခဲ့သလို လုပ်ငန်းစဉ် မအောင်မြင်ခဲ့ဘူးလို့ GSCB ထုတ်ပြန်

နိုဝင်ဘာလ (၁၂)ရက်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အတင်းအကျပ် ကောက်ယူဖို့ စစ်အုပ်စုက ကြိုးစားခဲ့ပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်တာ မရခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးအတွက်ကိုသာ ပဓါနထားတာကြောင့် ပြည်သူရဲ့ ဆင်းရဲဒုက္ခတွေကို မျက်ကွယ်ပြုပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း (၅၆၀၀၀)ကျော်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး သန်းခေါင်စာရင်းကောက်ယူတာမှာ ပျူစောထီး၊ ပြည်သူ့စစ်၊ ရဲ၊ စစ်တပ် စတဲ့ လုံခြုံရေးအင်အားပေါင်း များစွာကို အသုံးပြုပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့ပြတွေမှာ လက်နက်ကိုင်ဆောင်ကာ အဓမ္မကောက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျေးလက်ဒေသအချို့မှာလဲ လုံခြုံရေးစစ်ကြောင်းတွေနဲ့ ပြည်သူကို ခြိမ်းခြောက်သေနတ်ထောက်ပြီး ဖိ‌အားပေးကောက်ယူဖို့ ကြိုးစားခဲ့သလို လုပ်ငန်းစဉ်ထဲ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေဟာ တာဝန်ကျေ အပြသဘောနဲ့သာ ကောက်ယူခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလိုအခြေအနေတွေမှာ လုပ်ငန်းစဉ်ထဲ ပြည်သူရဲ့ ပူးပေါင်းပါဝင်တာကို မရရှိခဲ့တဲ့အပြင် သူတို့ရဲ့ မူလရည်မှန်းရက်ထက် (၁၅)ရက်ထပ်တိုးကာ အောက်တိုဘာလကုန်အထိ ကောက်ယူခဲ့တာက မအောင်မြင်တာကို စစ်အုပ်စုကိုယ်တိုင် သက်သေ‌ပြခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုရဲ့ သန်းခေါင်စာရင်း အဓမ္မကောက်ယူခဲ့တာက သမိုင်းတလျှောက်လုံးမှာ အဆင့်အတန်းမရှိ၊ အားကိုးယုံကြည်ဖွယ်ရာမရှိတဲ့ ပုံပျက်ပန်းပျက် ကြိုးပမ်းတာအနေနဲ့သာ သမိုင်းဆိုးတွင်ခဲ့တယ်လို့ GSCB က သတ်မှတ်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်မှာ နည်းမျိုးစုံနဲ့ဆန့်ကျင်ပြီး မပူးပေါင်းခဲ့တဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ် ပါဝင်ပံ့ပိုးတာတွေကို အလေးအမြတ်ပြုကာ စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ အရှိန်မြှင့်ပါဝင်တော်လှန်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ