နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေက လက်နက်ချဖို့ ညှိနှိုင်းနေချိန် စစ်ကောင်စီက နင်းမိုင်းအများအပြားထောင်ခဲ့

နိုဝင်ဘာလ (၁၅) ရက်။

မနေ့က ပုလဲမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က လက်နက်ချဖို့ ညှိနှိုင်းနေတဲ့အချိန် ရဲစခန်းဘက်မှာ စစ်ကောင်စီက နင်းမိုင်းအများအပြား ထောင်တာတွေရှိတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ စစ်ကောင်စီကို တညလုံး လက်နက်ချဖို့ ညှိခဲ့တာပေါ့။ အဲ့ဒီလို ညှိနေတဲ့အချိန်မှာကိုပဲ တဖက်မှာ စစ်ကောင်စီက နင်းမိုင်းတွေ ထောင်နေတာကို တွေ့ရတယ်။ နင်းမိုင်းထောင်တဲ့သူတွေကို လှမ်းပစ်ဖို့ ပြောတော့ ဗျူဟာမှူးက မပစ်ဖို့ပြောတာကြောင့် မပစ်ခဲ့ရဘူး” လို့ ဆိုပါတယ်။

နောက်နေ့မနက် စစ်ကောင်စီစခန်းကို ဝင်စီးဖို့လုပ်တဲ့အခါ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေကို နင်းမိလို့ ဒဏ်ရာရခဲ့သူတွေ ရှိခဲ့သလို နင်းမိုင်းတွေကို ဖြုတ်သိမ်းနိုင်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

“ ဒီမနက်ရောက်တော့ နင်းမိုင်းမိကြတာတွေ ရှိတယ်၊ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်တွေ နင်းမိုင်းမိပြီး ဒဏ်ရာရတာတွေရှိတယ်။ နင်းမိုင်း (၇) လုံးလောက်ကို ဖြုတ်ပြီးယူလာနိုင်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ပုလဲမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ စစ်ကူလာပို့မယ်ဆိုတာကို ကြိုတင်သတင်းရရှိခဲ့ကာ စောင့်ဆိုင်းပစ်ခတ်ဖို့ ပြင်ဆင်တာတွေရှိခဲ့ပေမယ့် အခွင့်မသာတဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အပါအဝင် AA ဆီကနေ စစ်သင်တန်းဆင်းလာတဲ့ ဝက်လက်နယ်အခြေစိုက် Generation Z Army (GZA) နဲ့ ရေစကြိုအခြေပြု Southern YSO PDF တို့က ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစခန်းကို စစချင်း ဝင်စီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးနိုင်ခဲ့တာလည်း ရှိတယ်လို့သိရပါတယ်။ ဂျန်ဇီမျိုးဆက်တပ်တော် (GZA) ဘက်မှာတော့ ထိခိုက်ဒဏ်ရာရသူ တပ်ဖွဲ့ဝင် (၄) ဦး ရှိခဲ့ပြီး အဲ့ဒီထဲက တစ်ဦးက လက်ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

BNRA ဦးဆောင်သူ ဗိုလ်နဂါးကတော့ မီဒီယာမှာ ပုလဲမြို့ကို ၉၀% လောက် ထိန်းထားနိုင်တယ်လို့ ပြောထားပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောဆိုထားပါတယ်။ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကတော့ BNRA တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုနဲ့ မိုင်းနင်းမိလို့ ဒဏ်ရာရသူတွေ၊ လေယာဉ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေဦးနယ်ထဲ မီးဘေးသင့်စစ်ရှောင်ပြည်သူ (၁၀၀၀၀)ကျော် အရေးပေါ်အကူအညီလိုအပ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 4 Views
နိုဝင်ဘာလ (၁၅)ရက်။ ရေဦးနယ်ထဲက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူ (၁၀၀၀၀)ကျော်ဟာ အညာဒေသမှာ ဆောင်းရာသီကို ရောက်ရှိလာတာနဲ့အတူ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲမြို့ (၅)ရက်တာ လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 4 Views
နိုဝင်ဘာလ (၁၅)ရက်။ ပုလဲမြို့နယ်ကို စစ်ကောင်စီက (၅)ရက်တာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အထဲ ပြည်သူ (၄)ဦး‌သေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီရဲ့ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 4 Views
နိုဝင်ဘာလ (၁၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ စလင်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အထိုင်ချတပ်စွဲထားတဲ့ ဆင်ဖြူကျွန်းမြို့အနီးက ဆုပ်လေဦးလမ်းဆုံက ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ”
မြန်မာသတင်း

အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၀)ကျော်သေဆုံးပြီး (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 7 Views
နိုဝင်ဘာလ (၁၅)ရက်။ အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၄)ဦးထက်မနည်း သေဆုံးကာ (၁၀၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စခန်းသိမ်းတိုက်ပွဲ (၄)ကြိမ်အပါအဝင် တိုက်ပွဲပေါင်း (၆၈)ကြိမ်၊ စစ်ကောင်စီသတင်းပေး ရှင်းလင်းတာ (၈)ကြိမ်၊
မြန်မာသတင်း

ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 7 Views
နိုဝင်ဘာလ (၁၅)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ညပိုင်းအချိန်မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူတွေပို့လာတာကြောင့်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ဆင်ရေးတစ်နှစ်တာထဲ မြို့ (၁၂)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ AA ထုတ်ပြန်၊ စစ်ရေးရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 11 Views
နိုဝင်ဘာလ (၁၅)ရက်။ အာရက္ခဒေသနဲ့ ပလင်ဝစစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့အချိန် မြို့နယ်ပေါင်း (၁၂)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်စတင်ခဲ့တဲ့‌နေ့ကစပြီး တစ်နှစ်ပြည့်တဲ့အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်တာမရှိတဲ့အထိ ရက်ဆက်ထိုးစစ်‌တွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ ကြည်း၊
မြန်မာသတင်း

မုံရွာမြို့ပေါ်မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 9 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၇)နာရီခန့်က မုံရွာမြို့ပေါ်ရှိ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက္ကာလမ်းမ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ရခ(၂)ကောင်ကို တိုက်ခိုက်ချေမှုန်းခဲ့တာပါ။
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 11 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့