နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ် ဗုံးကြဲခံရ

နိုဝင်ဘာလ (၁၈)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီခွဲအချိန်က ဖယ်ခုံမြို့၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ KNDF အမှတ်(၈)ဗျုဟာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တာပါ။ ဒီလိုတိုက်ခိုက်ခံရတာမှာ ကလေးငယ်တွေနဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်” လို့ ဆိုပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ယာယီစခန်းတစ်ခုလုံးနီးပါး ကြေမွပျက်စီးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိကာ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါ။

အခုလို ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသွားတာကို ကြားသိရတဲ့အတွက် များစွာ စိတ်နှလုံးကြေကွဲ တုန်လှုပ်ရတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကို ထပ်မံပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကလေးငယ်တွေကို ပိုမိုဂရုစိုက်ကာ သတိထားပြီး ကြိုတင်ပြင်ဆင်ကာကွယ်ဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကလေးငယ်တွေနဲ့ ဆရာတွေအပါအဝင် (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 57 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 8 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 5 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ဆိုပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 5 Views
‌ဇွန်လ (၁)ရက်။ နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို အခုလကုန်အထိ တစ်လ ထပ်မံတိုးမြှင့်လိုက်ပြန်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထား

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 5 Views
ဇွန်လ (၁)ရက်။ တောင်သာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ ‌မြို့နယ်ပကဖရဲ့ မနေ့က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။ “ တောင်သာမြို့နယ်ထဲက စခ/ရခ/ပခတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အချိန်မနှောင်းခင် လက်နက်ချ အလင်းဝင်ပါ။ ပြည်သူနဲ့
မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 31 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။ မေလ (၁၇)ရက်နေ့ကစပြီး ပင်လောင်းမြို့ ဆောင်းပြောင်းကျေးရွာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 24 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 24 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့