နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

နိုဝင်ဘာလ (၂၀)ရက်။

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိတာကို လေ့လာလိုသူတွေအတွက် Website နဲ့ Mobile Application တို့ကို ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီပြုလုပ်နေတဲ့ Website နဲ့ Mobile Application တို့မှာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှားနဲ့ ဂျပန် စတဲ့ ဘာသာစကား (၅)မျိုးနဲ့ နိုဝင်ဘာလ (၂၂)ရက်နေ့ကစပြီး လေ့လာဖတ်ရှုနိုင်မယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ Website နဲ့ Mobile Application တို့မှာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလအပါအဝင် မြို့နယ် (၃၀၅)မြို့နယ်က မဲစာရင်းတွေကို ဖော်ပြထားတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီက ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တာ၊ ရွေးကောက်ပွဲအပေါ် သုံးသပ်တာနဲ့ မှတ်တမ်းဓါတ်ပုံ‌တွေ စတဲ့ စုံစမ်းတွေ့ရှိချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲဟာ မဲစာရင်းမှားယွင်းပြီး မဲမသမာတာတွေ ရှိခဲ့တယ်လို့ ပြောဆိုထားပေမယ့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေက မဲစာရင်းမှားယွင်းတာမရှိဘူးလို့ ပြောဆိုထားကြပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းအကြောင်းပြကာ လက်နက်အားကိုးပြီး နိုင်ငံအာဏာကို လုယူဖို့ ကြိုးစားတာကြောင့် ပြည်သူတွေက ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကာ အခုအချိန်မှာတော့ နိုင်ငံတဝန်း ခုခံတော်လှန်စစ်တွေ ပြင်းထန်နေပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃)
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 5 Views
နိုဝင်ဘာလ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာခံရသူ (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၆)ဦးထဲက တစ်ဦးဟာ MA1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်၊ ကပစကျည်
မြန်မာသတင်း

ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 5 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က PNLO နယ်မြေထဲ ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ နံနက်ပိုင်းကစပြီး အကြောင်းအရင်းမရှိဘဲ
မြန်မာသတင်း

သခင်ဘဟိန်းကျဆုံးတဲ့ (၇၈)နှစ်ပြည့် မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှုပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သခင်ဘဟိန်း ကျဆုံးတာ (၇၈)နှစ်ပြည့်တဲ့နေ့ မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်တွေ အမြဲ သောင်းကျန်းမင်းမူနေတဲ့နေရာဖြစ်တဲ့ အာဇာနည်ဗိမာန်ထဲက သခင်ဘဟိန်းရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ ဂုဏ်ပြုဦးညွတ်တာနဲ့အတူ