နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသည် ၎င်း၏နျူကလီးယားလက်နက်သုံးစွဲမှုဆိုင်ရာ အယူဝါဒကို ပြန်လည်ပြင်ဆင်

နိုဝင်ဘာလ (၂၀) ရက်။

ရုရှားသမ္မတပူတင်သည် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက် သုံးစွဲမှုအယူဝါဒကို ၁၉ ရက်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် လက်နက်များနှင့် ရုရှားနိုင်ငံတွင်းကို တိုက်ခိုက်ရန် ယူကရိန်းကို ခွင့်ပြုခဲ့သည်။

နျူလက်နက်ပိုင်နိုဆိုင်သည့်င်ငံများသည် နျူကလီးယား မပိုင်သောနိုင်ငံများ၏ တိုက်ခိုက်မှုတွင် ပါဝင်ပါက ရုရှားကို ပူးတွဲတိုက်ခိုက်ခြင်းဟု ရှုမြင်ကြောင်း ရုရှားနိုင်ငံ၏ ယနေ့ ထုတ်ပြန်သည့် ပြန်လည်ပြင်ဆင်ထားသောမူဝါဒတွင် ဖော်ပြထားသည်။

ရုရှားသမ္မတ၏ အုပ်ချုပ်ရေးယန္တရားသည် ပြန်လည်ပြင်ဆင်ထားသော နျူအယူဝါဒသည် သီအိုရီအရ နျူလက်နက်ကို စတင်အသုံးပြုရန်အတွက် အတားအဆီးများကို လျှော့ချပေးလိုက်သည်ဟု ဖော်ပြခဲ့ပြီး နျူကလီးယား ခြိမ်းခြောက်မှုအသစ်ကို စတင်လိုက်ပြီဖြစ်သည်။

အဆိုပါ ပြောင်းလဲမှုသည် ရုရှား သို့မဟုတ် ဘီလာရုစ်ကို သမားရိုးကျလက်နက်နှင့် တိုက်ခိုက်သည့် ကိစ္စမျိုးတွင် ရုရှားက နျူလက်နက် အသုံးပြုပိုင်ခွင့်ကို လက်ဝယ်ရှိကြောင်း ရုရှားပြောရေးဆိုခွင့်ရှိသူ ပက်စကော့က ထိုနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နျူကလီးယား တားဆီးရေးသည် ရုရှား၏ စစ်ရေးအယူဝါဒ၏ မဏ္ဍိုင်တစ်ခုဖြစ်သော်လည်း အပြောင်းအလဲများကရုရှား နိုင်ငံအပေါ် ကျူးကျော်ခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ကျယ်ပြန့်လာပုံပေါ်သည်။

“ ဤစာတမ်း၏ အဓိကအစိတ်အပိုင်းမှာ ရုရှား သို့မဟုတ် ၎င်း၏ မဟာမိတ်များ တိုက်ခိုက်ခံရပါက လက်တုံ့ပြန်ရမှုကို ရှောင်ရှားရန် မဖြစ်နိုင်တော့ကြောင်း အလားအလာရှိသည့်ရန်သူများ သေချာစွာ နားလည်စေရန်အတွက် ရည်ရွယ်ပါသည်။” ဟု ပက်စကော့က ပြောဆိုခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် ရုရှားပိုင်နက်နယ်မြေတွင် အမေရိကန်မှ ထောက်ပံ့ပေးသော တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးရန် ဘိုင်ဒင်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ရုရှား၏ တုံ့ပြန်မှုဖြစ်သည်။ အမေရိကန်၏ လုပ်ဆောင်ချက်သည် ယူကရိန်းနှင့် စစ်ပွဲကို အရှိန်မြှင့်သွားစေလိမ့်မည်ဟု ရုရှားအစိုးရက သတိပေးထားပြီးဖြစ်သည်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ဓာတ်ပုံ။

အောက်တိုဘာလက ရုရှားနိုင်ငံ ကာဇန်တွင် တွေ့ရသည့် ရုရှားသမတ ဗလာဒီမာပူတင်/Alexander Nemenov/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး