နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

နိုဝင်ဘာလ (၂၁)ရက်။

နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးဖမ်းလှေ အစီး (၆၀)ခန့်ကို AA ရဲ့ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တာကြောင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅)စီးနဲ့ ရေလုပ်သား (၂၀)ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို (၂)ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် လိုအပ်တဲ့ စစ်ဆေးမေးမြန်းတာတွေကို ပြုလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်လက်ထဲ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နှစ်ဖက်အဖွဲ့အစည်းကြားရှိ နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်တာမှာ အရင်ကထက် ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်ပေးတာမရှိဘဲ ငါးဖမ်းသမားတွေကို ချက်ချင်းပြန်လွှတ်ပေးခဲ့ပေမယ့် စက်လှေတွေကိုတော့ မနေ့ကမှ ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ငါးခိုးဖမ်းလှေ (၁၅)စီးထဲက (၇)စီးကို ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး ကျန် (၈)စီးကိုတော့ လုံခြုံရေးအာမခံချက်ရှိတဲ့အချိန်မှသာ ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်သလို အခုလို ကြန့်ကြာနေတာက စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိထားရတာကြောင့်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေရဲ့ မိသားစုစားဝတ်နေရေး အကျပ်အတည်းတွေကို ထောက်ထားငဲ့ညာတာနဲ့အတူ သက်ညှာပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပိုင်းမှာတော့ အာရက္ခရေပိုင်နက်ထဲကို အခုလို ကျူးကျော်ပြီး ငါးခိုးဖမ်းဖို့ ဝင်ရောက်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး အပြစ်ပေးအရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 4 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 8 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 5 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 5 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 11 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 127 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု