နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမြို့မှာ (၄)ရက်တာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့

ဒီဇင်ဘာလ (၂)ရက်။

နိုဝင်ဘာလ (၂၀)ရက်ကစပြီး ထီးလင်းမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ယောတပ်တော်(YA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အင်အား (၈၀)ကျော်ပါတဲ့ စစ်ကြောင်းဟာ YA စစ်ကြောင်း(၂) တပ်ဖြန့်ထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် လေကြောင်းပစ်ကူတွေနဲ့ စတင်ထိုးစစ်ဆင်လာခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲထဲ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ညပိုင်းမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတွေနဲ့ ဆုတ်ခွာသွားပြီး မြို့ထဲ ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး နိုဝင်ဘာလ (၂၆)ရက်နေ့က ကျောက်ထုမြို့ရှိ စစ်ကောင်စီအမြောက်တပ် (၃၆၈)တပ်ဝန်းအနီး (၁)နာရီခွဲနီးပါးကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကာ ယောတပ်တော်(YA)ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၂၇)ရက်နေ့မှာတော့ စစ်ကောင်စီအမြောက်တပ်က အင်အားဖြည့်ပြီး ထပ်မံထိုးစစ်ဆင်ခဲ့ကာ YA ဘက်က လက်ဦးမှုရယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကာ လေကြောင်းကနေ (၆)ကြိမ် တိုက်ခိုက်ခဲ့ပြီး (၂၃)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အချိန် တိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်း (၂)လောင်းအပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၂၈)ရက်နေ့မှာ ထီးလင်းမြို့ ရွှေထီးခန်းမကနေ အနီးကျေးရွာတွေကို လုယက်ဖျက်ဆီးဖို့ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၇၇) တပ်ရင်း(၁၀၇)ပူးပေါင်းတဲ့ အင်အား (၈၀)ခန့်ပါ စစ်ကြောင်းကို YA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၅)နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ ဆုတ်ခွာခဲ့ကာ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီစစ်ကြောင်းမှူးအပါအဝင် အလောင်း (၈)လောင်းနဲ့ သုံ့ပန်းတစ်ဦးအပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

YA အနေနဲ့ မဟာမိတ်တွေဖြစ်တဲ့ ချင်းညီနောင်(CB)၊ ယောကာကွယ်ရေးတပ်(YDF)တို့နဲ့ ပူးပေါင်းကာ ယောဒေသစစ်ဆင်ရေးကို အရှိန်မြှင့်ဖော်ဆောင်နေပြီး တိုက်ပွဲတွေထဲ နီးစပ်ရာ ဒေသခံကာကွယ်ရေးတပ်တွေ၊ ခရိုင်တပ်ရင်းတွေနဲ့ ဒရုန်းတပ်တွေ ပူးပေါင်းကာ ဟန်ချက်ညီ တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

YA အနေနဲ့ စစ်ပုံကျတဲ့၊ စနစ်ကျတဲ့၊ အတွေ့အကြုံပြည့်ဝတဲ့ တပ်တော်တစ်ခုဖြစ်လာဖို့ တည်ဆောက်နေပြီး စစ်အာဏာရှင်တိုက်ဖျက်ဖို့၊ ယောဒေသနဲ့ ယောအမျိုးသား လွတ်မြောက်ဖို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 23 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ