နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ် ရှော့ဇ်ကို (Olaf Scholz) ပြစ်တင်ဝေဖန်လိုက်ပြီးနောက် သီတင်းပတ်များအတွင်း ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်သည် ယူကရိန်းနိုင်ငံသို့ ၂ နှစ်ခွဲကာလအတွင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အုပ်ချုပ်ရေးသစ်သည် ယူကရိန်းနိုင်ငံအတွက် ပဋိပက္ခအဆုံးသတ်ရန် ကတိပြုထားသည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးနေသည့်အချိန်တွင် ရှော့ဇ်က ပူတင်ထံသို့ ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။

အဓိကအပြောင်းအရွှေ့တစ်ခုတွင် ဇလန်းစကီးကသောကြာနေ့တွင် ကိ့ဗ်၏ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေကို နေတိုးအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုသည် ယူကရိန်းတွင် “ ဖြစ်နေသော ကြမ်းတမ်းသည့်စစ်ပွဲ” ကို အဆုံးသတ်နိုင်သည်ဟု သောကြာနေ့တွင် လမ်းကြောင်းချပြခဲ့သည်။

ရှော့ဇ်၏ ခရီးစဉ်သည် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် ဂျာမန်ရွေးကောက်ပွဲ မတိုင်မီ ရောက်ရှိလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲသည် မကြာမီဖြစ်လာရန် နီးကပ်လာနေပြီး ဂျာမဏီသည်ယူကရိန်း၏ဒုတိယအကြီးဆုံး လက်နက်ထောက်ပံ့သူဖြစ်ကြောင်း ဖော်ပြနေပြီး တဖက်တွင်လည်း စစ်ပွဲကို ပိုမိုကြီးထွားလာမှုကို တားဆီးရန်အတွက် တောရပ်စ်(Taurus) တာဝေးပစ် ခရုဇ်ဒုံးကျည်များကိုပေးပို့ရန် ရှော့ဇ်က ငြင်းဆိုခဲ့သည်။

ရှော့ဇ်သည် ယူကရိန်းအနေနှင့်နေတိုးအဖွဲ့ဝင်ဖြစ်အရှိန်အဟုန်ဖြင့် တောင်းဆိုနေမှုနှင့် ပတ်သက်၍ သတိကြီးစွာထားခဲ့သည်။ မကြာသေးမီလများအတွင်းက ယူကရိန်း၏ ခေါင်းဆောင် တောင်းဆိုနေမှုကိုလက်ခံ ရွေးချယ်ခြင်းထက် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရှာဖွေရန် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဇလန်းစကီးနှင့်တွေ့ဆုံရာတွင် ယခုလအတွင်း နောက်ထပ်စစ်ရေးပို့ဆောင်မှု ယူရိုသန်း ၆၅၀ ရှိကြောင်း ရှော့ဇ်မှပြောကြားခဲ့သည်။

“ ဂျာမနီက ဥရောပမှာ ယူကရိန်းရဲ့ အခိုင်မာဆုံး ထောက်ခံသူအဖြစ် ဆက်ရှိနေဦးမယ်ဆိုတာ ဒီမြေပေါ်မှာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် အနောက်နိုင်ငံရှိ အဓိကအင်အားကြီးနိုင်ငံတခုမှ ၂နှစ်နီးပါးအကြာ ပထမဆုံး စကားပြောဆိုမှုအဖြစ် ရှော့ဇ်သည် ပူတင်နှင့် စကား‌ပြောဆိုခဲ့မှုအပါ် ဇလန်းစကီးက ရှော့ဇ်အားပြစ်တင်ဝေဖန်ခဲ့သည်။

ထိုဖုန်းခေါ်ဆိုမှုတွင် ရှော့ဇ်က ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းရန် ပွင့်လင်းမြင်သာမှုရှိရန် ရုရှားသမ္မတပူတင်ကို တိုက်တွန်းခဲ့သော်လည်း ရုရှားခေါင်းဆောင်က ငြိမ်းချမ်းရေး သဘောတူညီချက် လုပ်မည်ဆိုလျှင် ရုရှား၏သိမ်းယူထားသည့် နယ်မြေပိုင်ဆိုင်မှုနှင့် လုံခြုံရေးတောင်းဆိုမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည့်အပြင် ကိ့ဗ်မှ နေတိုးအဖွဲ့ဝင်အဖြစ် စွန့်လွှတ်ရမည်ဟု ပြောကြားခဲ့သည်။

ဇလန်းစကီးက ပူတင်ထံသို့ ဖုံးခေါ်ဆိုမှုသည်အန္တရာယ်ရှိပြီး “ ပန်ဒိုရာ၏သေတ္တာ” ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် ရုရှားကို အထီးကျန်ဖြစ်စေခြင်းမှ လျော့ကျစေသည်ဟု မှတ်ချက်ပေးခဲ့သည်။ ဇလန်းစကီးသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရှော့ဇ်နှင့်တွေ့ဆုံရန် အောက်တိုဘာလတွင် ဘာလင်သို့သွားရောက်ခဲ့ပြီးသူ၏ “အောင်ပွဲအစီအစဥ်” ကို ထောက်ခံအားပေးမှုရရန် ဥရောပမြို့တော်များသို့ သွားရောက်လည်ပတ်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင် ယူကရိန်းသည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်ဖိတ်ကြားမှု ခံယူရန်နှင့် ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အနောက်တိုင်း ဒုံးကျည်များကို ကီယက်ဗ်အား ခွင့်ပြုပေးရန် တောင်းဆိုချက်တို့ ပါဝင်သည်။

အနောက်နိုင်ငံအချို့သည် ကိယက်ဗ်အား ၎င်းတို့၏လက်နက်များဖြင့် တာဝေးပစ် တိုက်ခိုက်မှုများ ပြုလုပ်ရန် နိုဝင်ဘာလတွင် ခွင့်ပြုခဲ့သည်။ ဆုံးဖြတ်ချက်အပြီးတွင် ရုရှားက Oreshnik ဟု အမည်ပေးထားသည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။ ယင်းဒုံးကျည်ကို စစ်ပွဲတွင် သို့မဟုတ် အခြားပဋိပက္ခများတွင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ။

တနင်္လာနေ့က ကိ့ဗ်- ၏ လွတ်လပ်ရေးရင်ပြင်တွင် ယူကရိန်းစစ်သားများအတွက် အောက်မေ့ဖွယ် အခမ်းအနားသို့ သွားရောက်ခဲ့ကြသည့် ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်နှင့် ယူကရိန်းသမတဇလန်းစကီး

ဓာတ်ပုံ- Gleb Garanich/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို