နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို မကူညီဖို့ NUG တိုက်တွန်း

ဒီဇင်ဘာလ (၆)ရက်။

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို အားပေးကူညီတယ မလုပ်ဖို့ NUG အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်အထိ ထိုင်းနိုင်ငံမှာ MoU အလုပ်သမားတွေအပါအဝင် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းကျော်နဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား (၁.၅)သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာ၊ ဖိနှိပ်ညှင်းပမ်းနှိပ်စက်တာနဲ့ အကျဉ်းချသတ်ဖြတ်တာ၊ စစ်မှုထမ်းခိုင်းတာနဲ့ စီးပွားရေးချွတ်ခြုံကျတာတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရာမှာ ထိုင်းနိုင်ငံကို အများဆုံး ခိုလှုံနေတာလို့ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေမှာ NUG က ထိုင်းအစိုးရကို တောင်းဆိုခဲ့တဲ့အတိုင်း အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ပန်းရောင်ကတ်ထုတ်ပေးတာ၊ မြန်မာပြည်ကို ပြန်စရာမလိုဘဲ သက်တမ်းတိုးပေးတာတွေ ဆောင်ရွက်ပေးခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် အခုအခါ စစ်ကောင်စီထံ အလုပ်သမားတွေရဲ့ အချက်အလက်ပေးပို့တာ၊ သက်တမ်းတိုး ကုန်ကျစရိတ်‌တွေ ပေးဆောင်တာ၊ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ငွေကြေးလဲလှယ်နှုန်းအတိုင်း မိသားစုလွှဲပြောင်းငွေ အထောက်အထားပြစေတာနဲ့ သတ်မှတ်ကုန်ကျစရိတ် အရင်ထက် (၃)ဆလောက်ရှိလာနိုင်တာတွေ တွေ့ရှိရတယ်လို့ ပြောဆိုထားပါတယ်။

သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်မှာ ဒီလိုအချက်အလက်တွေ ပါဝင်နေတာကြောင့် စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်တာတွေကြောင့် ဒုက္ခမျိုးစုံကြုံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုခက်ခဲစေပြီး အထောက်အထားမဲ့တွေဖြစ်အောင် တွန်းပို့နေတာလို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံရဲ့ လူမှုစီးပွားတိုးတက်တာကို တဖက်တလမ်းက အထောက်အကူပြုပေးနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုခက်ခဲတဲ့ အခြေအနေ မရောက်စေဖို့ အရင်နည်းလမ်းနဲ့ ကုန်ကျစရိတ်အတိုင်း ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 31 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ