နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်သင်္ဘောများ ထိုင်ဝမ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဒီဇင်ဘာလ (၁၀) ရက်၊ ထိုင်ပေ/ဟောင်ကောင်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်ရေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ရေပြင်တွင် ပုံစံမျိုးစုံဖြင့် လှည့်ပတ်နေကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်၏စစ်ရေးလေ့ကျင့်မှုများအတွက် ထိုင်ဝမ်က ပြင်ဆင်မှုများ ပြုလုပ်နေသည်။

တရုပ်စစ်တပ် (PLA) ၏ အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ရေးကွပ်ကဲမှုအဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဗျူရိုတို့၏ သင်္ဘောများကို ယင်းပင်တွင် အတည်ပြုခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်ဒီ (Lai Ching-de) သည် ယခုလ ၆ ရက်နေ့တွင် တောင်ပစိဖိတ်ဒေသသို့ တစ်ပတ်ကြာ ခရီးလှည့်လည်ကာ ဟာဝိုင်ယီနှင့် အမေရိကန်ပိုင်နက် ဂူအမ်တို့တွင် တရားဝင်မဟုတ်သော ရပ်နားမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။

တရုတ်အာဏာပိုင်များက “လိုင်” အား ခွဲထွက်ရေးသမားဟု ခေါ်ဝေါ်ကာ ၎င်း၏ခရီးစဉ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။ “လိုင်” ၏ခရီးစဉ်မတိုင်မီတွင် အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက်သစ်များ ရောင်းချရန် အတည်ပြုခဲ့ပြီး တရုတ်က “ပြင်းထန်သော တန်ပြန်အရေးယူမှုများ” ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

“ PLA လှုပ်ရှားမှုများကို တန်ပြန်ရန်” တိုက်ခိုက်ရေး အဆင်သင့်လေ့ကျင့်မှုကို စတင်ခဲ့ပြီး PLA လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ပြောကြားခဲ့ပါသည်။

အရှေ့တရုတ်ပင်လယ်မှ တောင်တရုတ်ပင်လယ်အထိ တရုတ်၏ ရေတပ်တပ်ဖြန့်မှုသည် ယခုနှစ် ထိုင်ဝမ်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုနှစ်ခုထက် ပိုမိုကြီးမားသည်ဟု ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်တစ်နိုင်ငံတည်းကိုသာမကဘဲ ဂျပန်နိုင်ငံ ကျူရှူးနှင့် အိုကီနာဝါမှ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့အထိ ဖြန့်ကျက်ထားသည့် “ပထမကျွန်းကွင်းဆက်” ကို ထိန်းချုပ်ရန် အခိုင်အမာ ရည်ရွယ်ချက်ရှိပုံရသည်။

ထိုင်ဝမ်၏ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင်ရှိသော တရုတ်အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်နှစ်ခု တို့တွင် PLA မှ ကန့်သတ်လေပိုင်နက်နယ်မြေ ခုနစ်ခုကို သတ်မှတ်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။

နိုင်ငံတကာလေကြောင်းစည်းမျဉ်းများနှင့်အညီ၊ အဆိုပါလေပိုင်နက်အတွင်းရှိ ပျံသန်းမှုများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသောအသုံးပြုသူများအတွက် ကန့်သတ်ထားသော်လည်း အခြားလေယာဉ်များသည် လေကြောင်းထိန်းချုပ်မှုမှ ခွင့်ပြုချက်ဖြင့် ၎င်းတို့ကိုဖြတ်သွားနိုင်သည်။

ထိုင်ဝမ်ကို ကိုးကား၍ သင်္ဘောများနှင့် ဝေဟင်ပိုင်နက်ဆိုင်ရာ ကန့်သတ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကို ၉ ရက်နေ့က မေးမြန်းရာတွင် ” ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်သည် မေလက သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံး သွားရောက်လည်ပတ်ခြင်း ဖြစ်သည်။ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းအတွက် ဒီမိုကရေစီနိုင်ငံဖြစ်သည့် အမေရိကန်နှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ၎င်း၏ခရီးစဉ်ကို အသုံးပြုခဲ့သည်။

ဂူအမ်တွင် ရှိနေစဉ်တွင် မစ္စတာလိုင်က “အာဏာရှင်စနစ်ကို အရှုံးမပေးကြရန်” တိုက်တွန်းခဲ့သည်။ ဂူအမ်ကျွန်း၌ ရပ်နားထားစဉ်အတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်နှင့်လည်း တယ်လီဖုန်းနှင့် စကားပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အစိုးရသည် လိုင်၏ ပြည်ပခရီးစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ “ ကျွန်ုပ်တို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ပြတ်ပြတ်သားသား ခိုင်မာသော အစီအမံများ ဆောင်ရွက်သွားမည်” ဟု ကြေညာခဲ့သည်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ထိုင်ဝမ်တွင် ရပ်နားထားသည့် Mirage 2000 တိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်/I-Hwa Cheng/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော