နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ငူလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

ဒီဇင်ဘာလ (၁၂)ရက်။

မနေ့က ည (၁၁)နာရီအချိန်က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ထဲကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ ညပိုင်းက တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တာမှာ (၂)လုံးက error ဖြစ်ပြီး (၃)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့ပေမယ့် (၃)လုံးသား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar(BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces(MKCDF)၊ Anti-Coup People’s Liberation Force ACPLF)နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတဝန်းတွင် စစ်ရှုံးကောင်စီဟာ လေတပ်ကို အစွမ်းကုန် တိုးမြှင့်အသုံးချနေတာကြောင့် တော်လှန်ရေးအင်အားစုတွေကလဲ လေတပ်ပြိုဖို့ ပိုမိုကြိုးပမ်းရမှာဖြစ်ပြီး စစ်ဆင်ရေးတစ်ခုအနေနဲ့ တောင်ငူလေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ သိရပါတယ်။

နောက်ပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ဟာ မြန်မာပြည်တစ်ဝန်း အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာမှာ စစ်ရှုံးကောင်စီက အဓိကအားထားပြီး အသုံးပြုနေတဲ့ လေတပ်စခန်းများထဲမှတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ပိုင်းတော်လှန်ရေးအင်အားစုတွေကိုလဲ အဓိက ဒုက္ခပေးနေတဲ့ လေတပ်စခန်းဖြစ်တာကြောင့် BWM နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ MKCDF နဲ့ ACPLF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦး ထိမှန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

စစ်ဆင်ရေးဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို စစ်တပ်က သေဒဏ်နဲ့ ထောင်ဒဏ်ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗုံးကြဲခံရတဲ့အချိန်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်‌နေတဲ့အချိန်လို့ သိရတယ်။ အဲ့ဒီမှာ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံမှာ မေမေနဲ့ နေထိုင်ခဲ့ချိန်က ဖိုးဖိုးရဲ့ ကတ်တနာ(ဓါး)ကို
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့