နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

ဒီဇင်ဘာလ (၁၂)ရက်။

မနေ့က ည (၁၁)နာရီအချိန်ခန့်က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ရှုံးစစ်ကောင်စီရဲ့ တပခဌာနချုပ်ဝန်းထဲကို ၁၀၇မမ ရှော့တိုက်ဒုံး (၄)လုံးပစ်တာကို (၂)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပါတယ်။ တပခဌာနချုပ်က ပဲခူးနဲ့ ကရင်မြောက်ခြမ်းဒေသတွေနဲ့ ထိစပ်တဲ့နေရာတွေက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စကစတွေကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ တိုင်းစစ်ဌာနချုပ်” လို့ ဆိုပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့ တပခဌာနချုပ်ကို BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တပခစစ်ဌာနချုပ်ဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေတဲ့ နေရာဒေသတွေက တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မယ့်ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်လို့ ရေးသားထားပါတယ်။

အခုလိုတိုက်ခိုက်တာဟာ တော်လှန်ရေး ရှေ့အရွေ့တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်သလို တိုင်းစစ်ဌာနချုပ်တွေဟာ BWM အဖွဲ့ရဲ့ အဓိကဦးတည်တိုက်ခိုက်တဲ့ အရေးကြီးစစ်ရေးပစ်မှတ်တွေမှာ ပါဝင်နေတဲ့အတွက် တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအသီးသီးက နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာကြီးတွေဖြစ်ပြီး ပင်မစစ်ဌာနချုပ်နဲ့အတူ COC အောက်မှာရှိတဲ့ တပ်တွေ အင်အားချည့်နဲ့စေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပခစစ်ဌာနချုပ်ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေပြီး သိရှိရသမျှကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 14 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 27 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 20 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 29 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 32 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 20 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး