ဒီဇင်ဘာလ (၁၈)ရက်။
ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့ နမ့်ခိုင်းတံတားနားမှာ နမ့်ဖတ်ကာကနေ မောင်းလာတဲ့ MNDAA ကားက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိတာ” လို့ ဆိုပါတယ်။
နမ့်ခိုင်းတံတားအနီးမှာ နမ့်ဖတ်ကာကနေ အရှိန်နဲ့မောင်းလာတဲ့ MNDAA တပ်ဖွဲ့ကားက ပြည်ထောင်စုလမ်းမကြီးအနီးမှာ အင်တာနက်လိုင်းသုံးနေတဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ထဲ ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို MNDAA တပ်ဖွဲ့ကားဟာလဲ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
MNDAA တပ်ဖွဲ့ကားနဲ့ တိုက်ခံရတဲ့ အမျိုးသမီးဟာ အသက် (၅၀)နှစ်အရွယ်ရှိပြီဖြစ်ပြီး မိုင်းယုလေးအုပ်စု ပန်လော့ကျေးရွာမှာနေထိုင်ကာ အခုအခါ MNDAA က တာဝန်ယူ ဆေးကုပေးနေတယ်လို့ ပြောဆိုထားပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ထဲ မောင်းနှင်လာတဲ့ MNDAA တပ်ဖွဲ့ကားကို ဘယ်လို အရေးယူသွားမယ်ဆိုတာကိုတော့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။