နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဟွန်ဒါ (Honda) နှင့် နီဆန်း (Nissan) တို့ လုပ်ငန်းပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်း

ဒီဇင်ဘာလ (၁၉) ရက်။

မော်တော်ယာဥ်ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် ဟွန်ဒါနှင့် နီဆန်းတို့သည် အနာဂတ်တွင် စီးပွားရေးအရ လုပ်ငန်းများ ပေါင်းစည်းမှု ပြုလုပ်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းနေသည့် ကုမ္ပဏီကြီးနှစ်ခုသည် ပေါင်းစည်းရန် အကောင်အထည် ဖော်လာနိုင်ဖွယ်ရှိသည်။

ကုမ္ပဏီနှစ်ခုသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း အလားအလာရှိသော ပေါင်းစည်းမှုအတွက် တိကျသော အချိန်ဇယားကိုမှု မဖော်ပြခဲ့ပေ။ ကုမ္ပဏီနှစ်ခု ပေါင်းစည်းမှု အကောင်အထည်ပေါ်လာမည်ဆိုပါက ကုမ္ပဏီက မည်သည့်ပုံစံဖြင့် ဆောင်ရွက်မည်ကို မသိရပေ။ Nikkei Shimbun သတင်းစာက ကုမ္ပဏီနှစ်ခု လုပ်ငန်းပေါင်းစည်းမှု ဖြစ်နိုင်ခြေကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ပထမဆုံး ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ကုမ္ပဏီနှစ်ခုသည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်နိုင်ခြေ အမျိုးမျိုးကို ရှာဖွေနေကြောင်း ရှင်းပြခဲ့သည်။ ကုမ္ပဏီတစ်ခုနှင့် တစ်ခုသည် အားသာချက်များကို အသုံးချရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ကြပါသည်။ နောင်တွင် မွမ်းမံပြင်ဆင်ထားသော အချက်အလက်တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်သူများထံသို့ သင့်လျော်သည့်အချိန်၌ အသိပေးသွားမည်ဟု ပြောဆိုခဲ့သည်။

မတ်လတွင် ဟွန်ဒါနှင့် နီဆန်း တို့သည် လျှပ်စစ်ကား (EV) ကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ ဩဂုတ်လတွင် ကုမ္ပဏီနှစ်ခုသည် ဘက်ထရီနည်းပညာကို ပူးပေါင်းလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ သို့သော် ယခုနှစ်အစမှစတင်၍ ကုမ္ပဏီနှစ်ခုစလုံးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး ပိုမိုနီးကပ်သော ဆက်ဆံရေးမှ အကျိုးအမြတ်ရရှိနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။

ကုမ္ပဏီနှစ်ခုစလုံးသည် ကမ္ဘာ့အကြီးဆုံး တရုတ်မော်တော်ကားဈေးကွက်တွင် ရုန်းကန်နေရသည်။ ဤအခြေအနေသည် တရုတ်နိုင်ငံပြင်ပရှိ ကားထုတ်လုပ်သူအများအပြားအတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ တရုတ်ဖောက်သည်များသည် ယခင်က နိုင်ငံခြားကုန်အမှတ်တံဆိပ်များထံ လာရောက်အားပေးကြသော်လည်း နောက်ပိုင်းတွင် အများစုမှာ ပိုမိုကောင်းမွန်သော နာမည်ကောင်းရှိသော ပြည်တွင်းအမှတ်တံဆိပ်များဆီသို့ ပြောင်းလဲလာကြသည်။

ဘဏ္ဍာရေးအစုရှယ်ယာနှင့် လဲလှယ်ရေး အက်ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၁၈ ခုနှစ်တွင် Nissan ကုမ္ပဏီဥက္ကဋ္ဌဟောင်း ကားရို့စ်ဂိုး (Carlos Ghosn) အား တိုကျိုခရိုင်အစိုးရရှေ့နေများရုံးက ဖမ်းဆီးလိုက်ခြင်း၏ အကျိုးဆက်များကို ခံစားနေရပါသည်။ Nissan သည် ယခင်ဥက္ကဋ္ဌဟောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့သော်လည်း ကားရို့စ်ဂိုးသည် စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး တိုကျိုမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

နီဆန်း၊ ရီနော (ပြင်သစ်) နှင့် မစ်ဆူဘီရှီမော်တာတို့ ပါဝင်သော ကုမ္ပဏီသုံးခုသည် ပေါင်းစည်းခဲ့ကြပြီး တစ်ချိန်က ကားထုတ်လုပ်သူများကြားတွင် ကမ္ဘာ့အကြီးဆုံး အရင်းအနှီးနှင့် စီးပွားရေး မဟာမိတ် ဖြစ်ခဲ့သော်လည်း ဥက္ကဋ္ဌဟောင်း ကားရို့စ်ဂိုး ဖြုတ်ချခံရပြီးနောက် ရီနောသည် နီဆန်း၏ ရှယ်ယာများကို သိသိသာသာ လျှော့ချခဲ့ပြီးနောက် နီဆန်းကုမ္ပဏီသည် အားနည်းလာခဲ့သည်။

နီဆန်း၏ အဆိုအရ ယခုနှစ် မတ်လမှ စက်တင်ဘာလအထိ လုပ်ငန်းလည်ပတ်အမြတ်ငွေသည် ယမန်နှစ် အလားတူကာလထက် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ယင်းအတွက် တာဝန်ခံမှုကို ပြသသည့်အနေနှင့် နီဆန်းကုမ္ပဏီအမှုဆောင်အရာရှိချုပ် အူချီဒါမာကိုတိုသည် ၎င်း၏ နှစ်စဉ်လခ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ သန်းနီးပါးမှ ၅၀ ရာနှုန်းကို ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သော်လည်း ၎င်း၏ လစာမြင့်မားမှုအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ထို့အပြင် ဝန်ထမ်း ၉၀၀၀ ကိုလည်း လျော့ချရန် ကြေညာထားပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ဟွန်ဒါသည် ၂၀၄၀ ခုနှစ်အထိ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မထုတ်လွှတ်သော မော်တော်ကားအသစ်များအားလုံးကို ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း ကြေညာထားသော်လည်း အကူးအပြောင်းမှာ နှေးကွေးနေပါသည်။

အဘယ်ကြောင့်ဆိုသော် ဥရောပနှင့် အမေရိကရှိ EV ကားများ ၀ယ်လိုအား ကျဆင်းလာနေသည့်အတွက် ဖြစ်သည်။ ဓာတ်ဆီသုံးကားများသည် EV ကားများနှင့် နှိုင်းယှဉ်လျှင် ဈေနှုန်းးသက်သာသည့်အပြင် ဓာတ်အားသွင်သည့်း အခြေခံအဆောက်အအုံများလည်း ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဆောင်းကာလ ရှည်လျားသည့် ဥရောပတွင် လျှပ်စစ်ကားများ၏ ဘက်ထရီစွမ်းအင်သည် ဆောင်းရာသီတွင် လျော့နည်းလာသည့်အတွက် နောက်ပိုင်းတွင် ဓာတ်ဆီ/ဒီဇယ်သုံးကားများ၏ဝယ်လိုအားက ပိုများလာပြီး လျှပ်စစ်ကားဈေးကွက်က နှေးကွေးလာနေပါသည်။

သတင်းရင်းမြစ်။ CNN ဂျပန်၊ Nikkei နှင့် ဂျပန်မီဒီယာများ

ဓာတ်ပုံ။

နီဆန်းကုမ္ပဏီအမှုဆောင်အရာရှိချုပ် အူချီဒါမာကိုတို (ဘယ်) နှင့် ဟွန်ဒါကုမ္ပဏီအမှုဆောင်အရာရှိချုပ် မီဘေတိုရှိဟီရို

မှတ်ချက်။ ဂျပန်အမည်များကို ဂျပန်ပုံစံဖြင့် မိသားစုနာမည်မှစတင်ရေးသားထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ကိယက်ဗ်မြို့ကို ရုရှားဒုံးကျည် ထိမှန်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့ကြောင်း ယူကရိန်း ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၁) ရက်။ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို အစ္စရေး မကာကွယ်နိုင်ခဲ့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 4 Views
ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်းသည် စနေနေ့တွင် တဲလ်အဗီးမြို့ကို ညတွင်းချင်း ထိမှန်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ရှားရှားပါးပါး မြို့တော်ကို ဖြတ်ကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးရာမှာ မအောင်မြင်ခဲ့ဟု
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟူသီများက အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် နာရီအတန်အကြာတွင် အစ္စရေး စစ်တပ်က ယီမင်ကို တိုက်ခိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၁) ရက်။ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့က အစ္စရေးအပေါ် နောက်ဆုံး တိုက်ခိုက်မှု အပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့အစောပိုင်းတွင် ယီမင်ရှိ ဟူသီပစ်မှတ်များကို အစ္စရေးစစ်တပ်က အသေအပျောက်များသော တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ မြို့တော် စန်နာ (Sanaa)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 11 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန
မြန်မာသတင်း အာရှ

ပြည်ပတပ်များကို ထိုင်းနယ်မြေအတွင်းမှ တွန်းထုတ်ရန် စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ရေးအရဖိအားများ လိုအပ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 11 Views
+++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ “ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က အဆိုပါပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း တိုးတက်မှု မရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝင်ရောက်ရန် လိုအပ်ကြောင်း ထိုင်းတပ်မတော်သတင်းရင်းမြစ်များက ပြောသည်။ “ ဝ”
နိုင်ငံတကာသတင်း ဥရောပ

နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ထရန့် နှင့်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ပူတင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက ဆုတ်ယုတ်မှုများအပေါ် အပြုသဘောဆောင်သည့် လှည့်ဖျားပြောကြားမှုများကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် ၎င်း၏တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အောင်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် ရှည်လျားသည့်
နိုင်ငံတကာသတင်း အာရှ

ရှီက သူ့ရဲ့သစ္စာခံတွေကို ဘာကြောင့် အရေးယူခဲ့တာလဲ။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 48 Views
ရှီသည် စစ်တပ်တွင်းရှိ အင်အားကြီးပြိုင်ဘက်များကို ဖြုတ်ချခဲ့သည်။ ယခုလည်း သူ့နောက်လိုက်လူယုံများဖက်ကိုလှည့်ပြီး ရှင်းလင်းရေး လုပ်နေသည်။ ဒီဇင်ဘာလ (၁၅) ရက်။ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ပွဲ ++++++++++++++++++++++ အစောပိုင်းနှစ်များအတွင်း တရုတ်ခေါင်းဆောင်သည် ပြိုင်ဘက်အုပ်စုများမှ သြဇာကြီးသော ဗိုလ်ချုပ်များကို ဖြုတ်ချကာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည် ဆီးရီးယား၏ HTS နှင့် တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း ဘလင်ကန် အတည်ပြု

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၅) ရက်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဟာယတ် တာဟီယာအယ်လ်ရှမ် (Hayat Tahrir al-Sham (HTS)) အဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ “ပထမအနေနဲ့ ကျွန်တော်တို့