နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာလ (၂၁)ရက်။

ဒီကနေ့ နံနက်အစောပိုင်းအချိန်က မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ဒီကနေ့ နံနက် (၂)နာရီ (၄၈)မိနစ်လောက်က MIG-29 ဂျက်ဖိုက်တာနဲ့ ပေါက် (၅၀၀)ဗုံးတစ်လုံးကြဲသွားတာ။ နောက်ပြီး မနေ့ညကလဲ (၁၁)နာရီခွဲကျော်လောက်မှာ Y-12 လေယာဉ်နဲ့ မြို့ပေါ်ပတ်ပျံပြီး (၁၀)လုံးတွဲ၊ (၅)လုံးတွဲ၊ (၃)လုံးတွဲ ဗုံးသီးတွေနဲ့ တိုက်ခိုက်သွားသေးတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မင်းတပ်မြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲမတိုက်ခိုက်ခင်အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက မီးကျည်ပစ်တာတွေရှိခဲ့ကာ တစ်နာရီကြာ ပျံဝဲခဲ့ပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နောက်ပြီး မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ မကွေးတပ်ဘက်ကနေ ကင်းထောက်လေယာဉ်နဲ့ ကင်းထောက်တာတွေ ပြုလုပ်ခဲ့သလို တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တာတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အခုအခါ မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီအခြေချထားတဲ့ တပ်စခန်းနေရာတွေကို ချင်းညီနောင်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မင်းတပ်မြို့နယ်ထဲရှိ တောင်ယာခြံလုပ်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေအနေနဲ့ ပတ်ဝန်းကျင်မှာ လူစိမ်းတွေ့ရှိပါက နီးစပ်ရာအဖွဲ့တွေကို ဆက်သွယ်အကြောင်းကြားဖို့လဲ အသိပေးထားပါတယ်။

ချင်းညီနောင်က မင်းတပ်နဲ့ ဖလမ်းမြို့တို့မှာ မြို့သိမ်းစစ်ဆင်ရေးအနေနဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစပြီး ဖော်ဆောင်ခဲ့ကာ တစ်လခွဲနီးပါးအကြာမှာတော့ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို AA သိမ်းပိုက်ရရှိထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဂွမြို့ထဲရှိ
မြန်မာသတင်း

စစ်ကိုင်းမြို့မှာ ဘီယာဆိုင်ထိုင်နေတဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က ညနေ(၄)နာရီခန့်က စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်နေ ပျုစောထီး မင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော် စကခ(၂၁)က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအခွင့်အရေးပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ဓီဇင်ဘာလ (၂၁)ရက်။ ဗန်းမော်မြို့ရှိ စကခ(၂၁)ဝန်းထဲက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအလင်းဝင်ဖို့ တော်လှန်ရေးတပ်တွေဘက်က နောက်ဆုံးအကြိမ်အနေနဲ့ အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။ “ ဗန်းမော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားလိုက်တော့ ဌာနဆိုင်ရာစကစဝန်ထမ်းတွေက စကခ(၂၁)ဝင်းထဲ ထွက်ပြေးခိုလှုံနေကြတာ။ အခု စကခ(၂၁)ကို
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့် လက်တွဲတိုက်ထုတ်ဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၁)ရက်။ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားတွေ အတူလက်တွဲ အမြစ်ပြတ်တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ မနေ့က UWSP တည်ထောင်တဲ့ (၃၆)နှစ်ပြည့်ကို ပေးပို့တဲ့သဝဏ်လွှာမှာ NUG က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဝ” ပြည်
မြန်မာသတင်း

အမျိုးသားအားကစားပွဲ ကျင်းပတာ တည်ငြိမ်အေးချမ်းတာကို ပြသတာလို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၁)ရက်။ အမျိုးသားအားကစားပွဲဟာ အားကစားပြိုင်ပွဲသက်သက် ကျင်းပတာထက် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်တဲ့ပွဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ပိတ်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ ဝင်ရာက်စွက်ဖက်တာတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသာမက
မြန်မာသတင်း

ကမ္ဘောဒီးယားနဲ့ လာအိုတို့က စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေပြည်တော်မှာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာတွေ ပေးပို့ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ထံ သဘောတူညီပြီးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသံအမတ်အနေနဲ့ H.E. Mr Cheng
မြန်မာသတင်း

မတ္တရာမြို့ ထန်းပင်ကုန်းရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်က မတ္တရာမြို့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့နဲ့ နပခစစ်ဌာနချုပ်ကို အပြီးသတ်သိမ်ပိုက်နိုင်ခဲ့ပြီလို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်မှာ နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ နပခစစ်ဌာနချုပ်ထဲက နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံးထဲရှိ