နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ကိယက်ဗ်မြို့ကို ရုရှားဒုံးကျည် ထိမှန်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့ကြောင်း ယူကရိန်း ပြော

ဒီဇင်ဘာလ (၂၁) ရက်။

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့သည်။

ကိယက်ဗ်မြို့ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့က တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့ပြီးတဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ငါးဦးကို ဆေးရုံတင်ထားရပြီး ကျန်သူများကို အခင်းဖြစ်နေရာတွင်ပင် ကုသပေးခဲ့ကြောင်း သိရသည်။

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ၎င်း၏နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးကို တယောက်ချင်းချရန် စိမ်ခေါ်ခဲ့မှုကို ဇလန်းစကီးက ရုရှားခေါင်းဆောင်ကို “ငတုံး”ဟု တစ်ရက်အကြာတွင် ‌ပြောကြားခဲ့သည်။

“သူတို့ကို အဆိုပြုပါရစေ ၂၁ ရာစုရဲ့ နည်းပညာမြင့် ပြိုင်ပွဲတစ်မျိုးဖြစ်တဲ့ နည်းပညာဆိုင်ရာ စိမ်ခေါ်ပြီး တိုက်ကြတဲ့ စမ်းသပ်မှုမျိုး ဆိုကြပါစို့၊” ဟု ပူတင်က မော်စကိုတွင် ကြာသပတေးနေ့က ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ဇလန်းစကီးက အွန်လိုင်းပေါ်တွင် ကရင်မလင်ခေါင်းဆောင်အား ရိုင်းစိုင်းသော နှိမ့်ချပြောဆိုမှုဖြင့် ရေးသားတုံ့ပြန်ခဲ့သည်။

ယူကရိန်းလေတပ်ကွပ်ကဲမှု၏အဆိုအရ ရုရှားသည် သောကြာနေ့ နံနက် ၇ နာရီခန့်တွင် ကိယက်ဗ်မြို့၌ ပဲ့ထိန်းဒုံးကျည်ငါးစင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ယူကရိန်းလေကြောင်း ကာကွယ်ရေးက ဒုံးကျည်ငါးစင်းလုံးကို ပစ်ချခဲ့ပါသည်။ ထို့အပြင် UAV အစင်း ၄၀ ပစ်ချခံခဲ့ရပြီး အခြားမောင်းသူမဲ့လေယာဉ် အစီး ၂၀ သည် ၎င်းတို့၏ ပစ်မှတ်များသို့ မရောက်ခဲ့ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အပျက်အစီးများ ပြိုကျမှုကြောင့် မြို့လယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခရိုင်တစ်ခုတွင် ရုံးခန်းအဆောက် အအုံတစ်ခု၊ လမ်းမျက်နှာပြင်နှင့် ဂတ်စ်ပိုက်များ ပျက်စီးခဲ့ပြီး ကားငါးစီး မီးလောင်ခဲ့ကြောင်း ကိယက်ဗ်မြို့ရှိ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟေး ပေ့ါကို (Serhiy Popko) က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။ အခြားခရိုင်တွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ “ ဟီရိုရီ တိုက်ချီ (Heorhii Tykhyi)” က တိုက်ခိုက်မှုဟာ “ ရိုင်းစိုင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုခဲ့ပြီးအဆောက်အအုံမှာရှိတဲ့ သံရုံးအများအပြားလည်း ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

“ အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ ပါလက်စတိုင်း၊ မြောက်မက်စီဒိုးနီးယား၊ ပေါ်တူဂီနဲ့ မွန်တီနီဂရိုးတို့ရဲ့ သံရုံးတွေပါ” “ရုံးမှာရှိတဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေ ပျက်စီးသွားတယ်။” ဟု တိုက်ချီက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပေါ်တူဂီကသူတို့ ရုံးသည် အပျက်အစီးအနည်းငယ် ကြုံတွေ့ခဲ့ရပြီး ကန့်ကွက်ရန် ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

ရုရှားနိုင်ငံ ရော့စတော့ဗ် (Rostov) ဒေသရှိ ဓာတုစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ယူကရိန်း တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယခုသီတင်းပတ်အစောပိုင်းတွင် ယူကရိန်း၏ စစ်ရေးပစ်မှတ်များကို တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းတို့ ပြုလုပ်ခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် “ အမေရိကန်လုပ် ATACMS ဒုံးကျည်တွေသုံးပြီး တိုက်ခိုက်ခဲ့တာ” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အနောက်တိုင်းက ထောက်ပံ့မှုတွေ ပံ့ပိုးပေးထားတဲ့ ကိယက်ဗ်အစိုးရရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီမနက်မှာ တိကျတဲ့ တာဝေးပစ်လက်နက်တွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်မှုကို SBU ကွပ်ကဲမှု စခန်းဖြစ်တဲ့ Neptune ဒုံးခွင်းဒုံးစနစ်၊ Olkha၊ မြေပြင်အခြေစိုက် ခရုဇ်ဒုံးပျံ ဒီဇိုင်းထုတ်တဲ့ ကိယက်ဗ် Luch ဒီဇိုင်းဗျူရိုနဲ့ Patriot လေယာဉ်ပစ်ဒုံးကျည် စနစ်ချထားတဲ့နေရာစတာတွေကို” ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည် ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

“ပစ်မှတ်တွေက အောင်မြင်တယ်။ ပစ်မှတ်အားလုံး ထိမှန်သွားတယ်” ဟု ၎င်းကဆိုသည်။

ကိယက်ဗ်မြို့အား ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဇီလန်စကီးက “ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပိုမိုလိုအပ်သည်” ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဒီနဲ့ တခြားရုရှားတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ အဆင်သင့် တုံ့ပြန်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ခါဆွန် (Kherson) မြို့ကို ချီတက်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုတွင် သောကြာနေ့မနက်ပိုင်းက ပြင်းထန်စွာ ပစ်မှတ်ထားခံခဲ့ရသည်ဟု ဒေသဆိုင်ရာ စစ်တပ်အာဏာပိုင်များက ပြောကြားခဲ့သည်။

တောင်ပိုင်းမြို့ကို ရုရှား၏ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ခါဆွန် ဒေသ စစ်အုပ်ချုပ်ရေး အကြီးအကဲ အိုလက်ဆန်ဒါ ပရိုကူဒင် (Oleksandr Prokudin) က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့