နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပနားမားတူးမြောင်းကို မကျေနပ်ဘဲ ဖြတ်သန်းခကို “မမျှတ” ဟုဆိုကာ ပြန်ပေးရန် ထရမ့်တောင်းဆို

ဒီဇင်ဘာလ (၂၃) ရက်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အရီဇိုးနားပြည်နယ် အနောက်ပိုင်းရှိ ရှေးရိုးစွဲအုပ်စုများစုဝေးပွဲတွင် ပနားမားတူးမြောင်းနှင့်ပတ်သက်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် အဓိက ဖြတ်သန်းသွားလာနေသော အမေရိကန်စစ်သင်္ဘောများနှင့် အရပ်သားသင်္ဘောများ၏ ဖြတ်သန်းခနှုန်းထားများက လွန်စွာမမျှတကြောင်း ပြောခဲ့ပြီး မကျေနပ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က တူးမြောင်းကို စီမံခန့်ခွဲသည့် အမေရိကန်သမိုင်းကို ကိုးကား၍ ၎င်းက နှုန်းထားကို ပြုပြင်ပြောင်းလဲမှု မလုပ်ပါက အမေရိကက ထိန်းချုပ်ခွင့် ပြန်လည်တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲ၌ အောင်ပွဲခံကြောင်း ကြေညာပြီးနောက်ပိုင်း ထရမ့်သည် ထောက်ခံသူများကို မိန့်ခွန်းပြောကြားရာတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ လာမည့်နှစ် ဇန်န၀ါရီလတွင် အစိုးရသစ်တက်လာပြီးနောက်၊ အခြားနိုင်ငံများနှင့် သဘောထားကွဲလွဲမှုမပါဝင်ဘဲ စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် တွန်းအားပေးရန် ထပ်မံရှင်းလင်းခဲ့သည်။

တူးမြောင်းဖောက်လုပ်ရာတွင် အမေရိကန်က ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသော်လည်း လက်ရှိ ပနားမားတူးမြောင်းကို ဖြတ်သန်းခများ အဆမတန်မြင့်မားသည်ဟု ထရမ့်က ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာသည်ကို ထောက်ပြခဲ့ပြီး တူးမြောင်းကို “လူဆိုးများလက်ထဲကို ရောက်သွားဖို့ မဖြစ်ရန်” တိုက်တွန်းခဲ့သည်။

ပနားမားသမ္မတမူလီနိုသည် ထရမ့်၏မှတ်ချက်ကို ချက်ချင်းပင် ရှုတ်ချခဲ့သည်။ ပနားမားတူးမြောင်းနှင့် ပတ်ဝန်းကျင်ဒေသအားလုံးကို ပနားမားက ပိုင်ဆိုင်ကြောင်းပြောကြားခဲ့သည်။

ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံပိုင်နက်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် နေရာမရှိဟု ၎င်းက ပြောကြားခဲ့သည်။ တရုတ်က ၎င်းအပေါ် လွှမ်းမိုးမှု မရှိကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ KYODO သတင်းဌာန

ဓာတ်ပုံ။ ထရမ့် (Reuters)/ပနားမားတူးမြောင်း (AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး