PDF တွေ လာရဲရင်လာခဲ့ လို့ စိန်ခေါ်ထားခဲ့တဲ့ တောင်သာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို နွားထိုးကြီးဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း လိုက်ကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ (၃၀) ရက် မွန်းလွဲ ၁၂ နာရီကျော်က တောင်သာမြို့နယ်၊ အောင်သာကျေးရွာရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုး ၏ နေအိမ်ကို သွားရောက်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးဆိုသူသည် ရပ်ရွာပြည်သူလူထုအား အာဏာသုံးခြိမ်းခြောက်ခြင်းများ၊ PDFများကိုပါ “ လာရဲတဲ့သူလာခဲ့” ဟု စိန်ခေါ်မှုများရှိခဲ့ကြောင်း NRDFအဖွဲ့ ထုတ်ပြန်ထားသည်။
ထိုဖြစ်စဥ်ကို Natogyi Regional Defence Force – NRDFနှင့် The Value Of Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။