နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဖရီဖိတ်စစ်ရေယာဉ်ကို “ သာလွန်မင်း” ဆိုပြီး စစ်ခေါင်းဆောင် အမည်ပေး

ဒီဇင်ဘာလ (၂၅)ရက်။

မနေ့က သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘာကျင်းဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ရေတပ်ရဲ့ (၇၇)နှစ်မြောက် အခမ်းအနားရဲ့ (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ် အမည်ပေးတာနဲ့ ရေချပေးတဲ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖရီဂိတ်စစ်ရေယာဉ်ကို “ သာလွန်မင်း” လို့ အမည်ပေးတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြည်တွင်းရန် နှိမ်နင်းတာ၊ ပြည်ပရန် ကာကွယ်တာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့လို့ ဆိုပါတယ်။

“ သာလွန်မင်း” လို့ အမည်ပေးထားတဲ့ ဖရီဂိတ်စစ်ရေယာဉ်ကို ၂၀၁၇ခုနှစ် မတ်လက ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ဧရာမင်းမင်္ဂလာအခမ်းအနားပြုလုပ်ပြီး စတင်တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခု စစ်ရေယာဉ်ဟာ ရေတပ်မှာ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်တွေထဲ အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး ‌ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက်နဲ့ လက်နက်စနစ်ပိုင်းတို့ကို ထည့်သွင်းတည်ဆောက်ထားတယ်လို့ ရေးသားထားပါတယ်။

ဖရီဂိတ်စစ်ရေယာဉ်ဟာ အလျား (၁၃၅)မီတာ၊ အနံ (၁၄)ဒသမ(၅)မီတာ၊ အမြင့် (၉)မီတာ၊ ရေစူး (၄)ဒသမ(၁)မီတာနဲ့ ဝန်ပြည့်အလေးချိန် (၃၅၀၀)တန်ရှိပြီး အမြန်နှုန်း (၁)နာရီကို ရေမိုင် (၃၀)အထိ မောင်းနှင်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

သာလွန်မင်း ဖရီဂိတ်စစ်ရေယာဉ်ဟာ (၂၁)ရာစု ရေတပ်တွေရဲ့ ရည်မှန်းချက် တာဝန်တွေနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်မယ့် စစ်ရေယာဉ်ကြီးဖြစ်ပြီး ပင်လယ်ပြင်ထဲ ခြိမ်းခြောက်တာတွေကို ရှေ့တန်းကနေ ကာကွယ်တိုက်ပွဲဝင်သွားဖို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးနယ်ပယ်မျိုးစုံမှာ အသုံးပြုနိုင်တဲ့ စစ်ရေယာဉ်ကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာကာကွယ်နိုင်မှာဖြစ်တယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 10 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ်
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 11 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 13 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ
မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 30 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 26 Views
အောက်တိုဘာလ (၂၈)ရက်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ
မြန်မာသတင်း

ရေးမြို့ရှိ DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 24 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရေးမြို့ နှင်းစုံကျေးရွာက DKBA ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်းတန်ဦးဆောင်တဲ့ စကမ ပူးပေါင်း DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းက
မြန်မာသတင်း

ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 19 Views
အောက်တိုဘာလ (၂၇)ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက်
မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 39 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ “ ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ” ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ဖြန့်ဝေခဲ့ပြီး