နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 12 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး AA ထံ လက်နက်ချ အလင်းဝင်ဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းပြော

ဒီဇင်ဘာလ (၂၇)ရက်။

ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး ခေါင်းဆောင်ကောင်းမပီသသူတွေရဲ့အောက်မှာ တာဝန်မထမ်းဆောင်တော့ဘဲ AA ထံ လက်နက်ချအလင်းဝင်ဖို့ နပခတိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကို ရခိုင်ပြည်ရဲ့ ပထဝီဝင် အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေက သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသူတွေရဲ့အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်တာ မပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့အမြန်ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်ကြပါ” လို့ သူက ဆိုပါတယ်။

အာရက္ခတပ်တော်(AA)အနေနဲ့ သုံ့ပန်းတွေကို သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိသလို ရိက္ခာ၊ ဆေးဝါးတွေနဲ့ အစားအစားအသောက်တွေတို့နဲ့ အစွမ်းကုန် ပြုစုထိန်းသိမ်းစောင့်ရှောက်ပေးကာ လက်နက်ချအလင်းဝင်ရင် အသက်ချမ်းသာရာရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နပခတိုင်းစစ်ဌာနချုပ်ကျဆုံးရတာရ စစ်ကူစစ်ကြောင်းတွေ အချိန်မီရောက်ရှိမလာတာနဲ့အတူ ရောက်ရှိလာတဲ့ စစ်ကူစစ်ကြောင်းတချို့ကလဲ AA ရဲ့ ၀ိုင်းပတ်ချေမှုန်းတာကို ခံရတာကြောင့်ဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာတဲ့အနေနဲ့ ရခိုင်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပြီး ပြည်သူကို ဗုံးကျဲတာနဲ့ အကြမ်းဖက်တာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

AA အနေနဲ့ နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ချိန် ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ဖမ်းဆီးရမိခဲ့ပြီးနောက် သူတို့ထဲက တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ မေးမြန်းထားတဲ့ရုပ်သံကို ထုတ်ပြန်ထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲမှာ ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA ထပ်မံထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 10 Views
ဇွန်လ (၁၁)ရက်။ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲထဲ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ပေါက်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 19 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၉)နာရီအချိန်က ပေါင်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
မြန်မာသတင်း

ဖယ်ခုံနယ်အစပ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတိပေးချက်တွေကို လိုက်နာဖို့ ဖယ်ခုံ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 19 Views
ဇွန်လ (၁၁)ရက်။ ဖယ်ခုံအင်းအရှေ့ခြမ်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖယ်ခုံ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံနဲ့ ညောင်ရွှေထိစပ်နေတဲ့
မြန်မာသတင်း

ကျုံဒိုးမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦးသေဆုံးပြီး (၂၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 13 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က ကျုံဒိုးမြို့ ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က
မြန်မာသတင်း

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်ကနေ အနားယူ

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 20 Views
ဇွန်လ (၁၁)ရက်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဟာ တာဝန်ကနေ အနားယူသွားခဲ့တယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မနေ့ကစပြီး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနာယူခွင့်ပြုလိုက်တာလို့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင်ထဲက စစ်ကောင်စီရဲ့ ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 20 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့မဟုတ်) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို မြိတ်-ထားဝယ်ခရိုင်ထဲ
မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 20 Views
ဇွန်လ (၁၀)ရက်။ ဇွန်လ (၄)ရက်နေ့က စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-Asho ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေချိန်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ ပူးပေါင်းပါဝင်ကြဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 13 Views
ဇွန်လ (၁၀)ရက်။ လာမယ့် ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ လုပ်ငန်းစဉ် (၂)ရပ်ကို ပါဝင်ကြဖို့ NLD ပါတီက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရှင်အဆက်ဆက်ရဲ့