နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာလ (၃၁)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီအချိန်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တိုက်ပွဲဖြစ်တာမရှိဘဲ PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄)လုံးကြဲသွားတာ၊ အများပြည်သူကို ဝန်ဆောင်မှု‌ပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ PNLO/PNLA ရဲ့ ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဌာနချုပ်ထဲက ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

PNLO/PNLA အနေနဲ့ ထိန်းချုပ်နယ်မြေထဲ အခြေပြုနေထိုင်နေတာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းအရင်းမရှိ စစ်ကောင်စီက တမင်သက်သက် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

အခု ၂၀၂၄ခုနှစ် နှစ်ဝက်တာကာလထဲ ပအိုဝ်းဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ (၅၀၀)နီးပါးအထိရှိခဲ့ပြီး တိုက်ပွဲတွေထဲ အရပ်သားသေဆုံးသူ (၁၀၀)ကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းဖို့ မြိုင်ပကဖ သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 4 Views
ဇန်နဝါရီလ (၅)ရက်။ ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်နဲ့ ခဲယမ်းတွေ မရောင်းချဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ တော်လှန်ရေးကာလထဲ
မြန်မာသတင်း

ယုန်လေးအိမ်အနီး ပေါက်ကွဲတာနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 3 Views
ဇန်နဝါရီလ (၅)ရက်။ စမ်းချောင်းမြို့က ယုန်လေးအိမ်အနီး ပေါက်ကွဲတာအပါအဝင် ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှယ
မြန်မာသတင်း

PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့် MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 4 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့မှာ PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့်(ပထမမူ)ကို MOD က ကနဦးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ထဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ တပ်ရင်းတွေ စံပြုဖွဲ့စည်းပုံနဲ့ တာဝန်တ္တရားတွေ စတဲ့ကဏ္ဍတွေပါဝင်တဲ့ (၇)ခုကို
မြန်မာသတင်း

လက်တစ်ဆုပ်စာ လူတစုရဲ့အကျိုးကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 3 Views
ဇန်နဝါရီလ (၅)ရက်။ ပြည်နယ်အရေး၊ လူတစုအရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးအတ္တကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆုံးရှုံးနစ်နာတာတွေ မဖြစ်ရအောင် လိုအပ်တဲ့
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ပစ်ခတ်ခံရတဲ့အထဲ ‌လေယာဉ်(၂)စင်း ထိမှန်ပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 10 Views
ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ လာဉ် (၂)စင်း ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး‌ သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar ထံက သိရပါတယ်။ “ မနက်အစောပိုင်းက
မြန်မာသတင်း

လွတ်လပ်ရေးနေ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုန်း (၁၀)လုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 9 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ နံနက် (၁၂)နာရီ (၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 9 Views
စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားတဲ့ စစ်ရေးအစီရင်ခံစာမှာ
မြန်မာသတင်း

စစ်ကောင်စီလွတ်ငြိမ်းထဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 9 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ နီးစပ်သူတွထံက သိရပါတယ်။ “ ဒီနေ့ လွတ်ငြိမ်းထဲ သင်ဇာဝင့်ကျော်ကတော့ လွတ်လာပြီ၊ ထောင်ကထွက်လာတာတွေ့တယ်။ နန်းမွေစံတော့ ပါဝင်လာတာ မတွေ့ရဘူး”