နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်မှာ လူအုပ်ထဲ ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်လို့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေ ပြော

ဇန်နဝါရီလ (၁) ရက်။

ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၅ မိနစ်တွင် လူဝီစီယားနားပြည်နယ် နယူးအော်လန်းမြို့တွင် ကားတစ်စီး လူအုပ်ထဲသို့ ဝင်တိုက်မိခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့၏ အဆိုအရ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ AP ၏အဆိုအရ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် သံသယရှိသူသေဆုံးသွားပြီဟု ကြေညာထားပြီး အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဒေသခံရဲများ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားမှုသည် နယူးအော်လန်းမြိုရှိ နာမည်ကြီး ခရီးသွားများ စုဝေးရာနေရာ ဖြစ်သည့် French Quarter ရှိ Bourbon လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဧရိယာသည် စားသောက်ဆိုင်များနှင့် ဘားများ စုဝေးရာ နေရာဖြစ်ပြီး နံနက်ခင်းလေးနာရီအထိ လူစည်ကားသည့်နေရာဖြစ်သည့်အပြင် နှစ်သစ်ကူးအကြို ဖြစ်သောကြောင့် လူအများပြားစုဝေးနေကြသည်။ ပစ်ကပ်ထရပ်ကားနှင့် အမျိုးသားတစ်ဦးသည် လူစုလူဝေးကို အရှိန်ပြင်းပြင်း မောင်းနှင်လာပြီးနောက် ကားဖြင့် တိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကားဖြင့်တိုက်ပြီနောက် ကားပေါ်မှဆင်းခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ” ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို တတ်နိုင်သမျှ များများဝင်တိုက်ဖို့ ကြိုးစားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။ ကားဖြင့် တိုက်ရသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သတင်းရင်းမြစ်။ Asahi Shinbum

ရုပ်သံကို ခေတ်မျက်လုံးရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/eraseye/3063

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် နယူးအော်လန်းမြို့၊ Bourbon လမ်းအခင်းဖြစ်ပွားရာနေရာအနီး = AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အပစ်အခတ်ရပ်စဲရေးကို မေလ ၁၂ ရက်နေ့မှစရန် ဥရောပက တောင်းဆိုထားပြီး ရုရှားက ငြင်းဆိုပါက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် သတိပေး

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 2 Views
မေလ (၁၀) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် မေလ ၁၀ ရက်နေ့၌ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့ပါဝင်သည့် ဥရောပနိုင်ငံလေးနိုင်ငံနှင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းတွင် “ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်သည်” ဟု အမေရိကန်သံရုံးက သတိပေး

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 2 Views
မေလ (၁၀) ရက်။ ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးက ယူကရိန်းမှာ သိသာထင်ရှားပြီး ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်အနည်းငယ်အတွင်းမှာ ရှိလာဖွယ်ရှိတယ်လို့ မေလ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 2 Views
မေလ (၁၀) ရက်။ ဒီနေ့ မေလ ၁၀ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ “ပြီးပြည့်စုံတဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ “ အမေရိကန်ပြည်ထောင်စုရဲ့ စေ့စပ်ညှိနှိုင်းပေးမှုနဲ့
နိုင်ငံတကာသတင်း အာရှ

အိန္ဒိယက ပါကစ္စတန်လေတပ်စခန်း ၃ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်မှု စတင်နေပြီဟု ပါကစ္စတန်က ပြောသည်။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 9 Views
မေလ (၁၀) ရက်။ အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံ၏လေတပ်ပိုင်ဆိုင်မှုများ ဘေးကင်းကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံအတွင်းရှိ လေတပ်စခန်းသုံးခုကို စနေနေ့က အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိန္ဒိယအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ရော့ဒရီဂို ဒူတာတေး (Rodrigo Duterte) ကို ဟိ့ဂ်နိုင်ငံတကာတရားရုံး (The Hague) မှာ စစ်ဆေးနေပါသည်။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 5 Views
သို့သော် လာမည့်အပတ်တွင် သူ့မွေးရပ်မြေ၏ မြို့တော်ဝန်အဖြစ် သူ့ကို ရွေးချယ်ခံရနိုင်ဖွယ်ရှိနေပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့ CNN သတင်း။ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့မှာ မြို့တော်ဝန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ အပြည့်အ၀ လုပ်ဆောင်နေပြီး
နိုင်ငံတကာသတင်း အမေရိကန်

ဘီလ်ဂိတ်စ် (Bill Gates) က သူ့ပိုက်ဆံတွေကို အကုန်ပေးပြီးတော့ နှစ် ၂၀ မှာ Gates Foundation ကို အဆုံးသတ်ဖို့ အစီအစဉ်ကို ကြေညာ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 9 Views
၂၀၂၅ ခုနှစ်၊ မေလ ၈ရက် ဘီလ် နှင့် မဲလင်ဒါဖရင့်ချ် ဂိတ် (Melinda French Gates) သည် ၂၀၀၀ ခုနှစ်တွင် ဂိတ်စ်ဖောင်ဒေးရှင်းကို တည်ထောင်သောအခါ ၎င်းတို့သေဆုံးပြီးနောက် ဆယ်စုနှစ်များစွာကြာအောင် ကျန်ရှိနေသော ဓနများကို
နိုင်ငံတကာသတင်း ဥရောပ

၁၄‌ ဦးမြောက် ပုပ်ရဟန်းမင်းကြီးလီယို

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 10 Views
+++++++++++++ အမေရိကန်ပြည်ထောင်စုမှ ကာဒီနယ် ရောဘတ် ပရီဗာ့စ်သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ဆစ်စတင်းဝတ်ပြုခန်း (Sistine Chapel) မီးခိုးခေါင်းတိုင်မှ အဖြူရောင်မီးခိုးလုံးများ ထွက်ပေါ်လာပြီး ဖရန့်စစ် ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း အချက်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်၊
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်လိုက်ပြီ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 13 Views
၂၀၂၅ခုနှစ်၊ မေလ ၉ရက် စည်းဝေးပွဲ ဒုတိယနေ့တွင် ကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်လိုက် ကြပြီဖြစ်သည်။ ယနေ့တွင် ဆစ်တိုင်း ဘုရားကျောင်းဆောင် (Sistine Chapel) ခေါင်မိုးရှိ ခေါင်းတိုင်မှ အဖြူရောင်မီးခိုးများ လေထုထဲတွင် တလူလူ လွင့်ထွက်လာသည့်