နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ ခမရ(၃၅၅)ထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို NUG ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ဇန်နဝါရီလ (၃)ရက်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ သင်္ဃန်းညီနောင် ခမရ(၃၅၅)ဝင်းထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင်ချေမှုန်းနေတဲ့ ဗျူဟာ(၃၂)စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာကော်လံတပ်ဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲ့ဒီလိုတွေ့ဆုံချိန် NUG ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်တွေကို အားပေးစကား ပြောကြားခဲ့ပြီး စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက စစ်ဆင်ရေးအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ကာ အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး သိမ်းပိုက်ထားတဲ့ မြဝတီမြို့၊ သင်္ဃန်းညီနောင် ခမရ(၃၅၅)ဝင်းထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသခဲ့ကာ ဝန်ကြီးချုပ်က ကျေးဇူးတင်စကားနဲ့ အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဟာ PDF သင်တန်းကျောင်းတွေကို သွားရောက်ခဲ့ကာ သင်တန်းနည်းပြအဖွဲ့တွေအပါအဝင် သင်တန်းသူ၊ သင်တန်းသားတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာလဲ ကိုယ်ပိုင်ဘဝကိုစွန့်လွှတ်ပြီး PDF တွေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်လာတဲ့ လူငယ်တွေကို လေးစားကျေးဇူးတင်ကာ နိုင်ငံရဲ့ သမိုင်းသစ်ကို အသက်သွေးချွေးတွေနဲ့ ရေးထိုးနေကြသူတွေလို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အာဏာရှင်ကြောင့် အောက်ကျနောက်ကျဖြစ်နေတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်တဲ့အခါ လူငယ်တွေအားနဲ့ပဲ တည်ဆောက်ရမှာဖြစ်တာကြောင့် စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်အောင်‌ ဆောက်ရွက်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ရန်ကုန်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၅၁၀၁)၊ (၅၁၀၂)နဲ့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၄)တို့နဲ့တွေ့ဆုံကာ အားပေးစကားပြောတာနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့ပါတယ်။

NUG အစိုးရအဖွဲ့အစည်းအဝေးမှာ မြေပြင်သွားရောက်ပြီး ထိတွေ့ဆက်ဆံဖို့ ယာယီသမ္မတက ပြောဆိုခဲ့ပြီးနောက် သက်ဆိုင်ရာဝန်ကြီးတွေဟာ မြေပြင်မှာ စစ်ဆေးကြည့်ရှုတာတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမတိုင်ခင်ကစပြီး ပြုလုပ်လာကြတာလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 25 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 23 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 43 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 29 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 33 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့