နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ ခမရ(၃၅၅)ထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို NUG ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ဇန်နဝါရီလ (၃)ရက်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ သင်္ဃန်းညီနောင် ခမရ(၃၅၅)ဝင်းထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင်ချေမှုန်းနေတဲ့ ဗျူဟာ(၃၂)စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာကော်လံတပ်ဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲ့ဒီလိုတွေ့ဆုံချိန် NUG ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်တွေကို အားပေးစကား ပြောကြားခဲ့ပြီး စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက စစ်ဆင်ရေးအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ကာ အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး သိမ်းပိုက်ထားတဲ့ မြဝတီမြို့၊ သင်္ဃန်းညီနောင် ခမရ(၃၅၅)ဝင်းထဲက ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသခဲ့ကာ ဝန်ကြီးချုပ်က ကျေးဇူးတင်စကားနဲ့ အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဟာ PDF သင်တန်းကျောင်းတွေကို သွားရောက်ခဲ့ကာ သင်တန်းနည်းပြအဖွဲ့တွေအပါအဝင် သင်တန်းသူ၊ သင်တန်းသားတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာလဲ ကိုယ်ပိုင်ဘဝကိုစွန့်လွှတ်ပြီး PDF တွေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်လာတဲ့ လူငယ်တွေကို လေးစားကျေးဇူးတင်ကာ နိုင်ငံရဲ့ သမိုင်းသစ်ကို အသက်သွေးချွေးတွေနဲ့ ရေးထိုးနေကြသူတွေလို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အာဏာရှင်ကြောင့် အောက်ကျနောက်ကျဖြစ်နေတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်တဲ့အခါ လူငယ်တွေအားနဲ့ပဲ တည်ဆောက်ရမှာဖြစ်တာကြောင့် စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်အောင်‌ ဆောက်ရွက်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ရန်ကုန်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၅၁၀၁)၊ (၅၁၀၂)နဲ့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၄)တို့နဲ့တွေ့ဆုံကာ အားပေးစကားပြောတာနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့ပါတယ်။

NUG အစိုးရအဖွဲ့အစည်းအဝေးမှာ မြေပြင်သွားရောက်ပြီး ထိတွေ့ဆက်ဆံဖို့ ယာယီသမ္မတက ပြောဆိုခဲ့ပြီးနောက် သက်ဆိုင်ရာဝန်ကြီးတွေဟာ မြေပြင်မှာ စစ်ဆေးကြည့်ရှုတာတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမတိုင်ခင်ကစပြီး ပြုလုပ်လာကြတာလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 16 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 16 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 27 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 29 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ခရိုင်တပ်ရင်း(၃) အမြဲရှိတဲ့ မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ ပုဂံညောင်ဦးကို အပန်းဖြေဖို့ထွက်လာတဲ့ သီတာယုမွန်
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 20 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 41 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 29 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 31 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို