နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

ဇန်နဝါရီလ (၃)ရက်။

MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ MOD စစ်ရေးချုပ် ဒေါက်တာယင်းမာကိုယ်တိုင် မြေပြင်လာပြီးတော့ ကျနော်တို့အပါအဝင် မြေပြင်တပ်ရင်းတွေကိုတွေ့ဆုံပြီး စစ်ရေးမဟုတ်တဲ့တခြားအကူအညီဆိုလို့ တပ်ရင်းရဲ့ဆေးတပ်တွေအတွက် ကား (၁)စီး အကူညီတောင်းခံရာမှာ (၃) လအတွင်းချပေးမည်ဖြစ်ကြောင်း၊ ပိုက်ဆံ ချေးလို့ရရင် အရင်ချေးပြီး ဝယ်ယူနိုင်ကြောင်း NUG စစ်ရေးချုပ်ကိုယ်တိုင် ကျနော်တို့ရှေ့မှောက်မှာ အာမခံပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ (၉)လကျော်ခဲ့ပေမဲ့ အခုအချိန်ထိ တပြားတချပ်မှ လက်ခံရရှိတာမရှိသလို ဘာအကျိုးအကြောင်းမှမသိရပါဘူး” လို့ ရဲဘော် ခွန်သိန်းဦးက မနေ့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ (၁၅)ရက်နေ့က MOD ရဲ့ ဒုစစ်ရေးချုပ် ဒေါက်တာ ယင်းမာဟာ ကရင်နီပြည်တနေရာကို သွားရောက်ကာ မြေပြင်တပ်ရင်းတွေနဲ့တွေ့ဆုံချိန် စစ်ရေးမဟုတ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒုစစ်ရေးချုပ်ရဲ့ ပြောဆိုချက်ကြောင့် တပ်ရင်းအမှတ်(၁၀၀၇)အနေနဲ့ ဆေးတပ်အတွက် ကားတစ်စီး အကူအညီတောင်းခဲ့ရာ (၃)လအတွင်း ချပေးမှာဖြစ်ပြီး အရင်ပိုက်ဆံချေးကာ ဝယ်ယူထားဖို့ ကိုယ်တိုင်အာမခံပြောဆိုသွားခဲ့တာပါ။

အခုလို MOD ဒုစစ်ရေးချုပ်ကိုယ်တိုင် အာမခံပြောဆိုသွားခဲ့ပေမယ့် (၉)လကျော်ကြာတဲ့အထိ တပြားတချပ်မှ လက်ခံရရှိတာမရှိဘဲ အကျိုးအကြောင်းလဲ မသိရကာ တာဝန်ရှိသူတွေအနေနဲ့ ပေးထားတဲ့ကတိတည်ဖို့ တိုက်တွန်းထားပါတယ်။

“ စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာ ကျနော်တို့လူငယ်ဟာ တတ်အားတမျှ တိုက်ပွဲဝင်တယ်၊ တာဝန်ကျေတယ်၊ ကတိတည်တယ်။ အပြောနဲ့အလုပ် တထပ်တည်းဖြစ်အောင်ကြိုးစားနေတယ်။ လက်ရှိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဝေဟင်က တာဝန်ရှိသူတွေကို လူကြီးပီသစွာ ပေးတဲ့ကတိကို တည်စေချင်ပါတယ်။ အကယ်၍ ဆေးတပ်အတွက် ကားဝယ်ဖို့ ငွေချပေးရဲ့သားနဲ့ မရောက်ဘူးဆိုရင် ဘာတွေလွဲမှားမှုရှိလဲ ဆန်းစစ်စေချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အမှတ်(၃)စစ်ဒေသရဲ့ ရှမ်းတောင်၊ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂))အနေနဲ့ တော်လှန်ရေး (၄)နှစ်နီးပါးကြာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေကာ ရဲဘော် (၂၁)ဦးအထိ ကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ (၁၀)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

MOD ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာအပါအဝင် ဝန်ကြီးချုပ်နဲ့အဖွဲ့ PDF တပ်ရင်းတွေရဲ့ ရှေ့တန်းနယ်‌မြေတွေနဲ့ သင်တန်းကျောင်းတွေကို သွားရောက်ခဲ့စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့