နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းနဲ့သွားဖမ်းပေမယ့် သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဆိုင်းငံ့လိုက်ရ

ဇန်နဝါရီလ (၃) ရက်။

ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို သူနေထိုင်ရာ နေအိမ်ခြံဝင်းအတွင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် သမ္မတလုံခြုံရေးတပ်ဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဖမ်းဆီးဖို့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်ဖွဲ့ဝင် ၂၀၀ က စုဝေးကာ လက်ချင်းချိတ်ပြီး “တံတိုင်း” ပြုလုပ်ပြီး ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဝရမ်းကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည့် “ အဆင့်မြင့်အရာရှိ မှုခင်းစုံစမ်းစစ်ဆေးရေးအေဂျင်စီ” မှ တာဝန်ရှိသူတွေက ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပထမဦးစွာ နိုင်ငံတော်သမ္မတအိမ်တော် ခြံဝင်းအတွင်း အခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းရေးအရာရှိတွေက အိမ်ကနေ မီတာ ၂၀၀ အထိ ချဉ်းကပ်ခဲ့ပေမယ့် သမ္မတလုံခြုံရေးတပ်ဖွဲ့က ဘတ်စ်ကား၊ ကား ၁၀ စီးကျော်နဲ့ လမ်းကို ပိတ်ဆို့ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်ဖွဲ့ဝင် ၂၀၀ က စုဝေးပြီး လက်ချင်းချိတ်ပြီး တံတိုင်းကာခဲ့တဲ့အတွက် ဘယ်လိုမှ ဝင်လို့မရဘူးလို့ ဆိုပါတယ်။

အချို့နေရာတွေမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် လူအများအပြားစုဝေးနေတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်မှုများ မြင့်မားလာခြင်းကြောင့် ဝရမ်းကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းကို ထပ်ပြီး အကောင်အထည်ဖော်မလားလို့ မေးတဲ့အခါမှာတော့ “ ဒီအဆင့်မှာ ပြောဖို့ခက်တယ်” လို့ ဖြေဆိုခဲ့ပါတယ်။

ယွန်းဟာ ဒီဇင်ဘာ ၃ ရက်နေ့က အောင်မြင်ခြင်းမရှိတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ခံခဲ့ရကာ သမ္မတတာဝန်မှ ဆိုင်းငံ့ခံထားရပါတယ်။

သတင်းရင်းမြစ်။ NHK

Police and anti-corruption investigators arrive at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators arrived outside the presidential residence early Friday seeking to arrest Yoon Suk Yeol, with the impeached leader’s die-hard supporters massing outside to protect him, AFP reporters saw. Cars carrying investigators probing Yoon’s short-lived declaration of martial law drove up to his residence in central Seoul, which was surrounded by
Anti-corruption investigators leave the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025 after calling off their attempt to arrest Yoon. – South Korean investigators called off their attempt to arrest impeached President Yoon Suk Yeol at his residence Friday over a failed martial law bid, citing safety concerns after a standoff with his security team. (Photo by JUNG Yeon-je / AFP)
Police stand guard at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators arrived outside the presidential residence early Friday seeking to arrest Yoon Suk Yeol, with the impeached leader’s die-hard supporters massing outside to protect him, AFP reporters saw. Cars carrying investigators probing Yoon’s short-lived declaration of martial law drove up to his residence in central Seoul, which was surrounded by a heavy police presence, AFP
Police and anti-corruption investigators arrive at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators entered the residence of impeached President Yoon and began executing a warrant for his arrest on January 3 over his failed martial law bid, the first time the country has ever sought to arrest a sitting leader. (Photo by JUNG Yeon-je / AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို